လတ်တလောလူငယ်တွေကြားမှာ ရေပန်းစားပြီး အားပေးမှုနှုန်းတွေ မြင့်တက်လျက်ရှိတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ခြူးလေးဟာ တချိန်က အနုပညာလောကမှာအောင်မြင်မှုတွေကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ မင်းသမီး ပွင့်နဒီမောင်နဲ့အတူအမှတ်မထင်တွေ့ဆုံဖြစ်ခဲ့ပါတယ်နော်။ အရင်ကလောက်အနုပညာလှုပ်ရှားမှုတွေသိပ်မလုပ်ဖြစ်တော့ဘဲ သရုပ်ဆောင်လောကနဲ့ အဆက်အသွယ်အနည်းငယ်ပြတ်နေခဲ့ပွင့်နဒီမောင်ဟာ အရမ်းဖော်ရွေပြီး အရမ်းပွင့်လင်းတဲ့ လူငယ်မင်းသမီးလေး ခြူးလေးနဲ့ တွေ့ဆုံခဲ့ပြီးအမှတ်တရပုံရိပ်လေးတွေရိုက်ဖြစ်ခဲ့ပါတယ်နော်။

အခုနောက်ပိုင်းမှာဆိုရင် ခြူးလေးတစ်ယောက်ဟာ အရင်ကထက် အနုပညာခြေလှမ်းတွေ ခပ်စိပ်စိပ်နဲ့ သွက်လက်နေခဲ့ပြီးတော့ ပုရိသပရိတ်သတ်တွေတင်သာမကပဲ မိန်းကလေးချင်းတောင် ချစ်ခင်အားပေးခြင်းခံနေရသူလေးပါပဲနော်။ ပွင့်နဒီမောင်ဟာ ဒီလို အနုပညာလောကမှာ ထွန်းတောက်လာမယ့် မျိုးဆက်သစ်လေးနဲ့ တွေ့ခဲ့ရတဲ့အတွက်လည်း အထူးပဲဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်နော်။

နှစ်ယောက်စလုံးဟာ အနုပညာကိုခင်တွယ်ချစ်မြတ်နိုးတာချင်းတော့ ဆင်တူပြီး အပတ်တကုတ်လည်းကြိုးစားခဲ့ကြတဲ့အတွက် ပရိတ်သတ်တွေပေးတဲ့နေရာတစ်နေရာနဲ့ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့ရပါတယ်နော်။ ပြည်တော်ချစ်မင်းသမီးချောလေးနှစ်ယောက်ကို အခုလို မထင်မှတ်ဘဲတွေ့ရတဲ့အတွက်လည်း ပရိတ်သတ်တွေကျေနပ်ခဲ့ရပါတယ်နော်။ ကဲ... အနုပညာလောကမှာထွန်းလင်းတောက်ပနေတဲ့ ကြယ်လေးနှစ်ပွင့်ရဲ့ တွေ့ဆုံခြင်းအမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Pwint Nadi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။