မြန်မာပြည်ရဲ့ မိတ်ကပ်ပညာရှင်တွေထဲက နာမည်ရလူကြိုက်များတဲ့ transgender အမျိုးသမီးတစ်ဦးဖြစ်တဲ့ မထက်ကိုအားလုံးပဲသိကြမယ်ထင်ပါတယ်...။ သူမဟာဆိုရင် စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးဆောင်လုပ်ကိုင်နေပြီး ပြေပြစ်သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားကိုလည်းပိုင်ဆိုင်ထားတာပါ...။ အခုနောက်ပိုင်းမှာဆိုရင်တော့ မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲသို့ ဝင်ရောက်လာပြီဖြစ်ပါတယ်..။


မထက်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting၊ ကြော်ငြာမဂ္ဂဇင်းတွေကို လက်ခံရိုက်ကူးလျက်ရှိပြီး၊ အခမ်းအနားဖွင့်ပွဲတွေ၊ red carpet show ပွဲတွေသို့လည်း နန်းဆန်တဲ့ ဖက်ရှင်တွေနဲ့ တက်ရောက်ခဲ့တာပါနော်...။ "ကျားကျားကြိုက်ကြိုက်" ရုပ်ရှင်ဇာတ်ကားကြီးတွင် သူငယ်ချင်းတွေဖြစ်ကြတဲ့ လင်းလင်း၊ သုသု (ညီညီမောင်စမ်းချောင်း) တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်...။


မထက်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့ တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "မနေ့ညက 119ပင်လုံဆိုင်ခွဲ ဖွင့်ပွဲမှာ...."ဆိုတဲ့ status လေးနဲ့အတူ ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
Source Htet Htet Htet


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။