International EDM ပွဲတွေအတော်လေးခေတ်စားလာတာနဲ့အမျှ အမျိုးသမီးငယ်လေးတွေရဲ့ Festival တွေသွားတဲ့ စတိုင်လေးတွေကလည်းအမျိုးမျိုးပါပဲ။ အရင်ကဆို EDM ပွဲတော်အများစုမှာ Flower Crownsတွေ၊ Henna တွေ နဲ့ တက်တူးစတေကာတွေကပ်သွားတာတွေကို ဆင်မြန်းလေ့ရှိပါတယ်။ 

ဒါတွေကအမြဲတမ်းတော့ခေတ်စားနေမှာမဟုတ်လို့ မမလှလှတွေအနေနဲ့အပြိုင်လန်းချင်တယ်ဆိုရင်တော့ နှုတ်ခမ်းမှာ ပုံမှာပြထားတဲ့အတိုင်း ကွင်းလေးတပ်ထားသလိုမျိုး ပုံစံပေါ်အောင် နှုတ်ခမ်းနီချန်ဆိုးတာမျိုးလေးပဲဖြစ်ပါတယ်။ Glitter တွေနဲ့လဲလုပ်ကြသလိုအဖြူရောင် ဆေးနဲ့လဲလိုင်းဖော်လို့ရပါတယ်။ အဲဒါကတော့

ဒီလိုပုံဖော်တာကို Teeny-tiny Line လို့လည်း ခေါ်ကြပြီး အထူးသဖြင့် Festival တွေ ၊Party တွေမှာ အများဆုံးပြင်ဆင်လေ့ရှိပါတယ်။

ကဲမကြာမီ ကျင်းပတော့မယ့် Together Festival သွားရင် ဒိတ်အောက်မနေအောင် Teeny-tiny Line လေးလုပ်သွားကြပါ ပျိုမေတို့ရေ။ 

Source: moda.com.mm

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။