ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်ရဲ့ မိသားစုလေးက သာယာစိုပြေပြီး ပျော်ရွှင်စရာကောင်းတာကြောင့် အားကျဖို့ကောင်းတဲ့မိသားစုလေးပါနော်။နန္ဒာလှိုင်ကတော့ မိသားစုအတွက်သာအချိန်ပေးဂရုစိုက်ရင်း စီးပွားရေးကိုသာလုပ်ဆောင်နေတာကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားပါတယ်။နန္ဒာလှိုင်က အနုပညာအလုပ်တွေကို ရပ်နားထားပေမယ့် ပရိသတ်တွေကတော့ သူမကိုချစ်ခင်အားပေးနေကြဆဲပါနော်။
နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်းဦးဇေသီဟကလည်း ချစ်ဇနီးလေးကို အရမ်းချစ်ပြီး ကြင်နာယုယတတ်တဲ့ခင်ပွန်းပါနော်။နန္ဒာလှိုင်တို့ဇနီးမောင်နှံကတော့ စိတ်တူကိုယ်တူဖြစ်လို့ အရမ်းလိုက်ဖက်ညီကြတဲ့စုံတွဲလေးပါ။အလှူအတန်းတွေဆိုလည်း မကြာခဏလှူဒါန်းနေကြပြီး သဒ္ဒါတရားထက်သန်လာရင် ဝတ်ဆင်လာတဲ့ လက်ဝတ်ရတနာတွေကိုတောင် ချွတ်ပြီးလှူဒါန်းကြတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်နော်။
နန္ဒာလှိုင်တို့ဇနီးမောင်နှံက အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်ကြလို့ စိတ်ပျိုကိုယ်နုဆိုသလို အရွယ်တင်ပြီးနုပျိုနေကြတာပါနော်။အခုဆိုရင်တော့ ချစ်ခင်ပွန်းဦးဇေသီဟက နန္ဒာလှိုင်ရဲ့ရုပ်ရည်ကိုface app သုံးပြီးတော့ အိုမင်းတဲ့ပုံစံလေးပြောင်းထားပါတယ်နော်။အိုသွားတဲ့ပုံစံလေးလုပ်ထားတာတောင် နန္ဒာလှိုင်ရဲ့နုပျိုမှုကတော့ အံ့မခန်းပါပဲ။ပရိသတ်ကြီးအတွက် နန္ဒာလှိုင်တို့ဇနီးမောင်နှံရဲ့ အသက်ကြီးတဲ့ပုံရိပ်လေးကိုမျှဝေပေးလိုက်ပါတယ်နော်။
Source:Zay Thiha/Nandar Hlaing
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။