ချစ်ပရိတ်သတ်ကြီးရေ...ချောကလတ်မှိုတက်ညိုပြာညက် လို့တင်စားခေါ်ရလောက်အောင် ညိုချောဆိုတဲ့အသားအရေလေးကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး အိမ့်ချစ်ကိုမသိတဲ့သူရှိပါဘူးနော်။သူမဟာ မြန်မာနိုင်ငံမှာ လက်ရှိအောင်မြင်နေတဲ့ အဆိုတော်တွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။


သူမဟာ တစ်ချိန်က ဂီတလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီးချစ်ကောင်းရဲ့ သမီးလေးတစ်ယောက်လည်းဖြစ်သလို တကယ်ကိုတန်ဖိုးရှိတဲ့ အနုပညာရှင်လေးတစ်ယောက်ပါပဲနော်။ ဖခင်ခြေရာကိုတစ်ထပ်တည်းကျအောင်လိုက်နင်းနိုင်ရုံမျှမကဘဲ နိုင်ငံကျော်အဆိုတော်မလေးတစ်ယောက်အဖြစ်လည်းကျော်ကြားနေသူလေးပါနော်။


သူမဟာ လတ်တလောမှာလည်း နိုင်ငံရပ်ခြားကဖျော်ဖြေပွဲတွေမှာသွားရောက်သီဆိုဖျော်ဖြေခဲ့ရပြီးတော့ အခုလည်း နယူးယောက်ခ့် ဘရွတ်ကလင်းမှာ သူမရဲ့သီချင်းအသစ် MVလေးကိုရိုက်ကူးနေခဲ့ပါတယ်နော်။ အရင်ကနဲ့မတူဘဲ တမူထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ နိုင်ငံခြားဆန်ဆန် ရိုက်ကွင်းရိုက်ကွက်တွေကို ဒီသီချင်းအသစ်လေးထဲမှာ မြင်ရမှာပဲဖြစ်ပါတယ်နော်။ကဲ... ခပ်မိုက်မိုက်အပြင်အဆင်တွေနဲ့ အလန်းစားရိုက်ကူးနေတဲ့ အိမ့်ချစ်ရဲ့ MV ရိုက်ကွင်းနောက်ကွယ်က အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။




Source : Eint Chit
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။