ကမ္ဘာပေါ်မှာ ထူးခြားဆန်းပြားပြီး အံသြသင့်စရာနေရာတွေ အများကြီးရှိပြီး အချို့နေရာတွေကတေ့ာ ထိတ်လန့်ခြောက်ခြားစရာတွေပါ။ ခုတင်ပြသွားမဲ့ဟာတွေကတော့ ကမ္ဘာပေါ်ကထူးခြားဆန်ပြတဲ့နေရာတွေပါ။ Salar De Uyuni ဟာဆိုရင် Potosí နဲ့ Oruro တို့ရဲ့ပိုင်နက်ထဲမှာ ရှိပြီး ကမ္ဘာအကြီးဆုံး ဆားရေပြင်ကန်ကြီးပဲ ဖြစ်ပြီး အရမ်းကိုလှပတဲ့ သဘာဝမှန်ကြီးပါပဲ။
Natron ရေကန် ဟာဆိုရင် အင်မတန်မှကြောက်စရာကောင်းတဲ့ ရေကန်ပါ။ အဲ့ African ရေကန်မှာနေထိုင်ကြတဲ့ တိရစ္ဆာန်များစွာဟာ သေကြပြီး ဖြစ်ပေါ်လာတဲ့ ထုံးဓာတ်ထုထည်များလာသောကြောင့် sodium bicarbonate ကိုများစွာထွက်ကာ တိရစ္ဆာန်တွေကို mummies အဖြစ်ပြောင်းလဲနိုင်ပါတယ်။ ယောင်လိုတောင်အဲ့ကန်ထဲ လက်မနှိုက်မိပါစေနဲ့။ အဲ့လိုနေရာတွေကို သွားရောက်လည်ပတ်ရတာကလဲ ကောင်းပါတယ်။
Die Rakotzbrück ဒါမှမဟုတ် Devil’s Bridge ဟာဆိုရင် လှပတဲ့တံတားတစ်ခုဖြစ်ပြီး ရေကန်မှာပေါ်နေတဲ့တံတားပုံရိပ်နဲ့ တံတားရဲ့ပုံရိပ်တို့ဟာ လုံး၀ အဝိုင်းပုံစံဖြစ်နေတာ တွေ့နေရပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ခုဖော်ပြသွားတဲ့အရာတွေကတော့ ကမ္ဘာရဲ့ထူးခြားအံဖွယ်ထဲက ၃နေရာပဲဖြစ်ပါတယ်။ လှပပြီး ကြောက်စရာလဲကောင်းတယ်နော်....။ မသေခင်အချိန်လေးမှာတောင် ခုလို့ ထူးဆန်နေရာတွေကို သွားအုန်းမှပါပဲ။
Source : Cracked
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။