အဆိုတော် အာဘွိုင်းရဲ့ ဇနီးချောလေး ဖြစ်တဲ့ မြတ်ရတနာကျော်ကို အားလုံးပဲ သိရှိပြီးဖြစ်ကြမှာပါ...။ သူမဟာဆိုရင် သီချင်းဗီဒီယိုလေးတွေထဲမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး လူသိများလာကာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိထားတာဖြစ်ပါတယ်...။ လိုက်ဖက်ညီလှတဲ့ မြတ်ရတနာကျော်နှင့် အာဘွိုင်းတို့ စုံတွဲလေးဟာဆိုရင် အနုပညာအလုပ်တွေကို သိပ်ပြီးမလုပ်ကိုင်နိုင်တော့ပေမယ့် "Our Travel Diaries" ဆိုတဲ့ travel blogger page လေးထောင်ကာ fan တွေအမြောက်အများကိုပိုင်ဆိုင်ထားတာပါနော်...။

အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံမှာဆိုရင် ချစ်စရာသမီးချောလေးဖြစ်တဲ့ "scarlett phyo tun" ကိုလိမ္မာယဉ်ကျေးပြီး ထူးချွန်ထက်မြတ်တဲ့ သမီးလေးဖြစ်အောင် ပြုစုပျိုးထောင်ပေးနေတာပါနော်..။ အမေဖြစ်တဲ့ မြတ်ရတနာကျော်ဟာဆိုရင်လည်း ရှမ်းတိုင်းရင်းသူလေးဖြစ်ကာ ရိုးသွားပွင့်လင်းတဲ့ အတွက်ကြောင့် Interview တွေ ဖြေဆိုရာတွင် သူမရဲ့ ရိုးရှင်းတဲ့ စိတ်ထားအမှန်ကို တွေ့မြင်ကြရမှာပါ...။ အမေပီသတဲ့ မြတ်ရတနာကျော်လေးက "အခုလက်ရှိဖြစ်ပျက်နေတဲ့ ကလေးငယ်များအပေါ် မတရားညှင်းပန်းနှိပ်စက်မှုများ ပပျောက်ရေး၊ အမှန်တရား ပေါ်ပေါက်ရေး..."စတဲ့ လေးစားဂုဏ်ပြုဖွယ် "Campaign" များတွင် ပြည်သူတွေ အတွက် ဦးဆောင်ပါဝင်လှုပ်ရှားခဲ့တာပါနော်...။

ခင်ပွန်းဖြစ်သူ အာဘွိုင်းဟာဆိုရင်လည်း ဇနီးနဲ့ သမီးအပေါ် ချစ်ခင်အလိုလိုက်ပြီး ဖခင်ကောင်းပီသစွာ ပြုစုစောင့်ရှောက်ပေးနေတာပါနော်...။ ချစ်ဇနီးလေး မြတ်ရတနာကျော်ကိုလည်း အရိပ်ကနေ တစ်ဖွားမှ မခွာဘဲ ကြင်နာယုယ မြတ်နိုးလှတဲ့ အတွက်ကြောင့် အားကျစရာ ဇနီးမောင်နှံအဖြစ် လူမှုကွန်ယက် social media များတွင် ဂုဏ်သတင်းမွှေးစွာ ပျံ့နှံ့လျက်ရှိတာပါနော်..။ မြတ်ရတနာကျော် စုံတွဲလေးဟာဆိုရင်လည်း ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရဘဲ ရင်းနှီးမှုတွေရရှိသထက်ရရှိအောင် ပွဲတက်ပုံရိပ်တွေ၊ မိသားစုပုံရိပ်တွေကို အမြဲလိုလိုတင်ဆက်ပြသပေးလေ့ရှိတာဖြစ်ပါတယ်...။ "Hearty Heart ပွဲလေး" တက်ရောက်ခဲ့တုန်းက ရိုက်ကူးထားခဲ့တဲ့ "အာဘွိုင်းနဲ့ မြတ်ရတနာကျော်" တို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကို Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Myat Yadanar Kyaw

Photo Credit Ye Min Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။