ပရိတ်သတ်ကြီးရေ အေးချမ်းလှတဲ့မျက်နှာလေးနဲ့ နှစ်သက်စရာကောင်းတဲ့ အပြုံးလေး ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကို အားလုံးပဲသိကြမယ်ထင်ပါတယ်။သူမဟာ အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်လျှက်ရှိနေပြီး တစ်ဖက်မှာဆိုရင်လဲ ပရဟိလုပ်ငန်းတွေကို ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။သူမရဲ့ဖြူစင်လှတဲ့စိတ်ထား အများအတွက်အကျိုးပြုလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါကြိုးစားလုပ်ဆောင်နေတာကြောင့် ပရိတ်သတ်များရဲ့ လေးစားချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေဟာ သူမရဲ့ဝါသနာနဲ့ထပ်တူကျတဲ့ ပရဟိတလုပ်ငန်းတွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ကိုင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ပရဟိတလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ်ကိုင်လျှက်ရှိနေပြီး သူမချစ်တဲ့အနုပညာနဲ့ပတ်သက်တဲ့ပွဲအခမ်းအနားများ အနုပညာလုပ်ငန်းတွေကိုလဲ မလစ်ဟင်းရလေအောင် ကြိုးစားအားထုတ်နေတဲ့ သူမရဲ့စိတ်ဓာတ်လေးဟာ လေးစားစရာကောင်းလှပါတယ်။

ဒီကနေ့မနက်မှာလဲ တောင်ဒဂုံမြို့နယ် 20ရပ်ကွက်မှာ Mingalar Cinemas အသစ်ဖွင့်ပွဲလေးကိုတက်ရောက်အားပေးခဲ့တာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ထိုဖွင့်ပွဲလေးမှာ သူမချစ်တဲ့ အနုပညာညီအမများစွာနဲ့ တဖန်ဆုံတွေ့ခွင့်ရခဲ့တာကြောင့် ခိုင်နှင်းဝေတစ်ယောက်ပျော်ရွှင်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ရုပ်ရှင်ရုံဖွင့်ပွဲလေးကို မြန်မာဆန်ဆန်တက်ရောက်လာတဲ့ သူမရဲ့ပုံရိပ်လေးတွေနဲ့အတူ သူမချစ်တဲ့အနုပညာညီအမများနဲ့ အတူရိုက်ကူးထားတဲ့ပုံရိပ်တချို့ကို ပရိသတ်ကြီးမြင်တွေ့နိုင်ရန် မျှဝေပေးလိုက်ရပါတယ်နော်။

Photos-Khine Hnin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။