ပရိသတ်ကြီးလဲ သိချင်ကြမယ်လို့ထင်ပါတယ်။ ခုချိန်မှာတော့ အမှတ်ပေးမှုတွေအရ ဘာပါဝါမှမရှိပဲ အကြမ်းတမ်းဆုံးဖြစ်နေတဲ့ Hero ကို Marvel ရော Dc ဘက်နေရော ရော်ပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Punisher ရဲ့နာမည်အရင်းက Frank Castle ဖြစ်ပြီး သူရဲ့အတိတ်ဟာမလှခဲ့တဲ့သူတစ်ယောက်ပါတယ်။ သူရဲ့မိသားစုက လူဆိုးတစ်သိုက်ရဲ့ အသတ်ခံရမှုကြောင့် သူဟာ ရာဇဝင်မှုကျူးလွန်သူမှန်သမျှကို သတ်ပြီး Hero တွေနဲ့လဲ တိုက်ခတ်ဖူးပါတယ်။ Nick Fury ကတော့ ပရိသတ်ကြီးသိတဲ့အတိုင်းပါပဲ S.H.I.E.L.D ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ကာ Super Hero တော်တော်များများကို ထိန်းချုပ်တဲ့သူတစ်ယောက်ဖြစ်ပြီး နာမည်အရင်းကတော့ Nicholas J. Fury ဖြစ်ပါတယ်။



Mr. Terrific ဆိုတဲ့ Michael Holt AKA ကတော့ ကမ္ဘာပေါ်မှာ စမတ်အကျဆုံး သူတစ်ယောက်ဖြစ်ပါတယ်။ လူဆိုပေမဲ့ သူဟာနည်းပညာတွေနဲ့ လှုပ်ရှားသူဖြစ်ကာ ကိုယ်ခံပညာ ၆မျိုးကိုလဲတက်ပါတယ်။ Katana ကိုတော့ Soultaker လို့သူ့ရဲ့လောကသားတွေက ပြောကြပါတယ်။ သူမဟာ samurai warrior တစ်ယောက်လို ထူးဆန်တဲ့ ဓါးတစ်ချောင်းပိုင်ဆိုင်ထားကာ သူမရဲ့သေဆုံးသွားပြီဖြစ်တဲ့ ဝိဉာဉ်ကိုလဲ ဓါးထဲကို ထည့်ထားပြီး သူမရဲ့ဓါးက Batman ရဲ့ Armor နဲ့ Kryptonian အရေးပြားကိုတောင်ဖောက်နိုင်ပါတယ်။ Hawkeye ခေါ် Clint Barton ဆိုတဲ့သူကလဲ ပရိသတ်ကြီးသိတဲ့အတိုင်း သာမန်လူဆိုပေမဲ့ ဘာမဆိုရင်ဆိုင်ရဲတဲသူတစ်ယောက်ဖြစ်ပါတယ်။



Green Arrow ကတော့ DC က ဖြစ်ပြီး rank အရ Hawkeye ထဲသာနေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်ရဲ့ Skill ကို ယှဉ်လိုက်တဲ့ခါမှာ များစွကွာခြားနေကာ အဲ့ထဲကတစ်ခုကတော့ Green Arrow က လက်တစ်ဖက်ဆုံးရှုံးထားတဲ့ချိန်မှာတောင် Hero လုပ်နိုင်ခဲ့လိုပါပဲ။ Natasha Romanoff ဆိုတဲ့ Black Widow ကတော့ Russian Spy တစ်ယောက်ဖြစ်ပြီး သူမရဲ့ အစွမ်းတွေကို ပရိသတ်ကြီးလဲသိကြမှာပါ။ Nightwing ကတော့ The Dark Knight ရဲ့ပထမဆုံး Robin တစ်ယောက်ဖြစ်ပြီး Dick Grayson ပဲဖြစ်ပါတယ်။ နောက်ပိုင်းအသက်ကြီးလာတဲ့ချိန်မှာတော့ Batman ရဲ့ အရိပ်အနေနဲ့ Nightwing အဖြစ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။



Karate Kid ကတော့ ပရိသတ်ကြီး အသိနည်းမှာပါ...သူမှာ ဘာပါဝါအစွမ်းမှမရှိပဲ Karate နဲ့ပဲ ကျင်လည်ကာ Barman နဲ့လဲ ထိုးခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ ၃ယောက်မြောက်ကတော့ Iron Man ပဲဖြစ်ပါတယ်။ ရိုးရီုးလူသားပါ..ချမ်းသာတယ်...ဉာဏ်ပြေးတယ် ဦးနှောက်ကောင်းတယ်။ အာ့ကြောင့် Iron Man ဖြစ်လာတာပါ။ နံပါတ် ၂နေရာကတော့ စော်ကြည်ဘဲကြီးဖြစ်တဲ့ Batman ပါ...သူလဲချမ်းသာတယ်...စော်ကြည်တယ် ပွေတယ်။ ဒါပေမဲ့ သူက Batman ပါ...ပရိသတ်ကြီးလဲသိမှာပါ။ နံပါတ်တစ်ကတော့ ကမ္ဘာပေါ်မှာတင်မဟုတ်ပဲ စကြဝဠာမှာပါ ကြမ်းတမ်းတဲ့ ရိုးရိုးလူတစ်ယောက်ဖြစ်တဲ့ Green Lantern ပဲဖြစ်ပါတယ်။ Green Lantern ကများတဲ့အတွက် ကမ္ဘာပေါ်က လေယဉ်မှုး Hal Jordan ပဲဖြစ်ပါတယ်။ သူက လက်စွမ်းကြောင်စွမ်းနေတဲ့ ရိုးရိုးလူသားပါ။



Source : List 25
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။