2016 ခုနှစ်ရဲ့ "Miss Myanmar World" winner ဆုရှင်တစ်ဦးဖြစ်ခဲ့တဲ့ bella myat thiri lwin ဟာဆိုရင် အခုချိန်အထိ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ပိုင်ဆိုင်ထားတာပါ..။ bella လေးက ခန္ဓာကိုယ်အချိုးအစားဟာဆိုရင်လည်း အပြစ်ပြောစရာမလို၊ ရုပ်ရည်ရူပကာကလည်း ချောမွေ့ပြေပြစ်လွန်းသူတစ်ယောက်ပါ..။ ဘိုကပြားမလေးဖြစ်တဲ့ bella လေးက နှာတံလေးစင်းပြီး ဆွဲဆောင်မှုရှိတဲ့ မျက်နှာအသွင်အပြင်လေးကိုပိုင်ဆိုင်ထားကာ social media ကွန်ယက်ရဲ့ အားပေးမှုအများဆုံးရရှိထားသူတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်...။

bella လေးရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာ မဂ္ဂဇင်းတွေကိုလည်း လက်ခံရိုက်ကူးလေ့ရှိတာဖြစ်ပါတယ်..။ လှရက်လွန်းသူ bella လေးဟာဆိုရင် အပန်းဖြေခရီးတွေထွက်လေ့ရှိပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကိုလွတ်လပ်အေးချမ်းစွာ ဖြတ်သန်းနေတာပါ..။ ခေတ်ရေစီးကြောင်းအတိုင်း အတိုအပြတ်လေးတွေ ဝတ်ဆင်လေ့ရှိတဲ့ bella လေးက မြန်မာဝတ်စုံလေးတွေကို ဆင်မြန်းလိုက်ပြန်ရင်လည်း ရိုးယဉ်စွာ ကျက်သရေ အဖြာဖြာတိုးပွားနေတာကို အားလုံးပဲ တွေ့မြင်ခဲ့ကြရမှာပါ..။

bella လေးက social media ကွန်ယက်များဖြစ်ကြတဲ့ facebook၊ Instagram တို့ကို အသုံးများသူဖြစ်ပြီး ပရိသတ်တွေနဲ့ ရင်းနှီးမှု မပြတ်ရအောင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးနေတာပါ..။ အခုတစ်ခါမှာဆိုရင်လည်း Yagon University (main) ထဲမှာ photographer နဲ့အတူ အလှဓာတ်ပုံတွေရိုက်ကူးခဲ့တာပါ..။ Bella လေးက စိမ်းစိုအေးမျှတဲ့ သစ်ပင်၊ အရိပ်အောက်တွေ၊ main ရဲ့ အထင်ကရ နေရာတွေမှာ ရိုက်ကူးခဲ့တာမလို့ ပရိသတ်တွေအတွက် bella ရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Bella Myat Thiri Lwin

Photo Credit Ko Kaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။