သီချင်းအေးအေးလေးတွေသာမကပဲ အမိုက်စားသီချင်းတွေကို ဖန်တီးသီဆိုတတ်သူကတော့ အဆိုတော် စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမသီဆိုတဲ့ သီချင်းလေးတိုင်းဟာလည်း ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့ ထပ်တူကြတာပဲ ဖြစ်ပြီးယနေ့တိုင်ပရိသတ်တွေရဲ့နားထဲမှာ ရေပန်းစားနေဆဲပါ။ သူမဟာ မကြာခင်မှာ သမီးလေးမွေးဖွားတော့မှာ ဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို ခတ္တအနားယူထားတာပါ။  

ခင်ပွန်းဖြစ်သူနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပြီး ခင်ပွန်းရဲ့ အလိုက်တသိချစ်ခင်ဂရုစိုက်မှုတွေကြောင့် အရမ်းကိုပျော်ရွှင်ကြည်နူးနေရတာပါ။ လတ်တလောမှာလည်း သူမသီဆိုထားတဲ့ " Papi " ဆိုတဲ့ သီချင်းလေးဟာလည်း ပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီးနေတာပါ။ ဒီသီချင်းလေးကို သူမရဲ့ ခင်ပွန်းနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပြီး ကြည်နူးစရာကောင်းတဲ့ အချစ်သီချင်းလေးတစ်ပုဒ်ပါ။ 

အခုတစ်ခေါက်မှာလည်း ဒီးဒီသီဆိုထားတဲ့ " ကိုဘီအေ " သီချင်းလေးကို သူငယ်ချင်းတွေနဲ့ ပြန်လည်သီဆိုထားတာကို ခင်ပွန်းဖြစ်သူ ကိုသီဟလွင်ရဲ့ instagram myday လေးမှာ တင်ထားတာပဲ ဖြစ်ပါတယ်။ င်္ဒီးဒီရဲ့ ပြန်လည်သီဆိုထားတဲ့ ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - Thiha Lwin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။