ပရိသတ်ကြီးရေ.. မိုးစက်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် အလှမယ် မင်းသမီးချောလေး မိုးစက်ဝိုင်ကတော့ အနုပညာလောမှာ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားသလို ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေကြားအမြဲရေပန်းစားနေသူလေးပါ..။

ပရိသတ်တွေရဲ့ အချစ်တော်လေး မိုးစက်ကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ညို့အားပြင်းတဲ့ အလှတရားတွေအပြင် ဆွဲဆောင်မှုရှိပြီး စမတ်ကျလွန်းတဲ့ အရပ်အမောင်းတွေကလည်း သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေထဲက တစ်ခုပါပဲနော်။အမျိုးသမီးပရိသတ်များ အားကျနှစ်သက်ရတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ယောက်လဲ ဖြစ်ပါတယ်။

ပရိသတ်အချစ်တွေကို ပိုင်ဆိုင်ထားတဲ့အလှမယ်မိုးစက်ဝိုင်ဟာ အနုပညာအလုပ်တွေကို ဖြေးဖြေးနဲ့မှန်မှန်ဆက်လက်လုပ်ကိုင်နေပြီး အချို့သောပွဲအခမ်းအနားတွေမှာ တက်ရောက်လေ့ရှိတာကိုလဲ တွေ့ကြရမှာပဲဖြစ်ပါတယ်။ဒီကနေ့မှာလဲ အလှမယ်မိုးသက်ဝိုင်ဟာ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့အတူ အလှူပွဲတစ်ခုကို တက်ရောက်ဖို့အတွက် ပြည်မြို့မှာရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ပြည်မြို့လေးရဲ့ စိမ်းစိူလှပနေတဲ့ရှုခင်းလေးနဲ့အပြိုင် မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ တည်ငြိမ်လှပတဲ့ အလှတရားအစစ်ကိုတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်နော်။မြန်မာဆန်ဆန်လှပနေတဲ့ မိုးစက်ဝိုင်ရဲ့ပုံရိပ်လေးတချို့နဲ့အတူ ပြည်မြို့ရဲ့ စိမ်းစိုသာယာလှပုံကို ပရိသတ်ကြီးမြင်တွေ့ရအောင် မျှဝေပေးလိုက်ရပါတယ်။

Photos-Moeset Wine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။