ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်မှာ ပိုက်ဆံရှိတဲ့ လူတိုင်းမဝယ်နိုင်တဲ့ ဈေးအကြီးဆုံး ပစ္စည်းတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဒီအထဲမှာပါတဲ့ ပစ္စည်းတချို့ဟာဆိုရင် လွန်ခဲ့တဲ့ နှစ် ပေါင်းများစွာက ထုတ်လုပ်ခဲ့တဲ့ ရှေးဟောင်း ပစ္စည်းတွေအပြင် အခြားသော လက်ရာာမြောက် ပန်းချီကားတွေ ၊ တန်ဖိုးကြီးပြီး အဖိုးမဖြတ်နိုင်တဲ့ ရတနာပစ္စည်းတွေလည်း ပါဝင်တာကြောင့် ပရိသတ်ကြီး ဗဟုသုတရစေရန်အတွက် စုစည်းဖော်ပြပေးလိုက်ရပါတယ်ဗျ။

၁ ။ Ferrari 250 GTO

နာမည်ကြီး ပြိုင်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Ferrari ကနေထုတ်လုပ်ထားတဲ့ ပြိုင်ကားဖြစ်ပြီး ရှေးဆန်တဲ့ သူ့ရဲ့ ဒီဇိုင်းနဲ့အတူ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ကြောင့်နဲ့ပါ တွဲပြီး ကျော်ကြားသွားတာကြောင့် လေလံပွဲတစ်ခုမှာ အံ့အားသင့်စရာကောင်းလောက်အောင် ဒေါ်လာ 35 Million နဲ့ ရောင်းချခဲ့တာကြောင့် ကမ္ဘာ့ဈေးအကြီးဆုံးကားတွေရဲ့ စာရင်းထဲမှာ ပါဝင်သွားခဲ့ပါတယ်။ 

Robert Kuok Yacht

ချမ်းသာတဲ့သူတွေအတွက်တော့ အပျော်စီးသင်္ဘောဆိုတာ သူတို့ရဲ့ကြွယ်ဝမှုကို ဖော်ပြပေးနိုင်တဲ့ သင်္ကေတတွေထဲက တစ်ခုလို့တောင် ဆိုလို့ရပါတယ်။ အခုဖော်ပြထားတဲ့ Robert Kuok Yacht ကတော့ မလေးရှား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်တာ ဖြစ်ပြီး သဘောင်္ရဲ့ ကိုယ်ထည်ကို ရွှေတွေနဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိစာရင်းများအရ ဈေးအကြီးဆုံး အပျော်စီး သင်္ဘောဖြစ်ပြီး တန်ဖိုးကတော့ ဒေါ်လာ ၄.၃ ဘီလီယံ တန်ဖိုးရှိပါတယ်။ 

၃။ Chopard Blue Diamond

ရတနာ ပစ္စည်းပေါင်း များစွာရှိတဲ့ အထဲမှာမှ အခုဖော်ပြထားတဲ့ အပြာရောင် စိန်တုံးကတော့ ကမ္ဘာပေါ်မှာ အရှားပါးဆုံး လက်ဝတ်ရတနာလည်း ဖြစ်ပါတယ်။ အရှားပါးဆုံးသော အရာတွေရဲ့ ထုံးစံအတိုင်း ဈေးကလည်း အတော်လေးကို ခေါင်ခိုက်လှပါတယ်။ ၉ကာရက်အလေးချိန်ရှိတဲံ ဒီအပြာရောင် စိန်တုံးရဲ့ တန်ဖိုးကတော့ ၂၀၀၇ တုန်းက ဒေါ်လာ ၁၆သန်းကျော်နဲ့ ရောင်းချခဲ့ပေမယ့်လည်း ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ ကနေ့ခေတ်ပေါက်ဈေး ဒေါ်လာ ၁၈သန်းကျော်ရှိတယ်လို့ သိရပါတယ်။ 

Source : Did U Know 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။