သရုပ်ဆောင် မင်းသားချော စည်သူဝင်းနဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်တို့နှစ်ယောက်ကတော့ ဇာတ်လမ်းတွဲလေးနဲ့ အောင်မြင်လာခဲ့တဲ့ ပရိသတ်အချစ်တော်လေးတွေပဲ ဖြစ်ကြပါတယ်။ MRTV-4 ဇာတ်လမ်းတွဲလေးတွေများစွာ ရိုက်ကူးခဲ့ကြတဲ့ သူတို့နှစ်ယောက်က '' မိုးကောင်းကင်အိပ်မက်'' ဇာတ်လမ်းတွဲလေးမှာ လိုက်ဖက်ညီတဲ့စုံတွဲလေးအဖြစ် ပါဝင်ခဲ့ကြပါတယ်။ အခုချိန်ထိလည်း ပရိသတ်တွေကြားမှာမှာ ရဲသွေးနဲ့ဆိုင်းမိုင် စုံတွဲလေးအဖြစ် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။

အခုလက်ရှိမှာလည်း စည်သူဝင်းနဲ့ ပိုးကြာဖြူခင်တို့နှစ်ယောက်က အနုပညာအလုပ်တွေကို အတူလက်တွဲပြီး လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်က အပြင်မှာလည်း အရမ်း ခင်မင်ရင်းနှီးကြတာ တွေ့ရပါတယ်။ အခုလည်း စည်သူဝင်းက ပိုးကြာဖြူခင်နဲ့ နှစ်ယောက်အတူ ရိုက်ထားတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ချစ်ရတဲ့ ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။

စည်သူဝင်းက '' ရဲသွေးနဲ့ ဆိုင်းမိုင် ပျော်နေရင် လိုက်ပျော်မဲ့သူတွေရှိလား '' ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြင်နာယုယစွာဖက်တွယ်ရင်း ကြည်နူးပျော်ရွှင်တဲ့ပုံစံမျိုးလေး ရိုက်ကူးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စည်သူဝင်းနဲ့ပိုးကြာဖြူခင်တို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Si Thu Win;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။