ကျွန်တော်တို့ရဲ့ မိခင်သဘာဝတရားကြီးက ထူးခြားအံ့သြစရာတွေနဲ့ အမြဲပြည့်နှက်လေ့ရှိတာကို ကျွန်တော်တို့ သိရှိပြီးသားဖြစ်ပါတယ်။ အဲလို့သဘာဝတရားကြီးထဲက ဆင်ကဲဖြစ်စဉ် ပြောင်းလဲမှုတွေဟာလဲ ထူးခြားအံသြစရာတွေပဲဖြစ်ပါတယ်။ အနုပညာလဲဆန်ပါတယ်....အာ့ကြောင့်ပဲ လူတွေကသဘာဝတရားကြီးနဲ့ ပတ်သတ်ရင် ဓာတ်ပုံတွေရိုက်ကြသလို ဗီဒီယိုတွေလဲ ရိုက်ကူးကား မှတ်တမ်းတင်ထားကြပါတယ်။ အဲ့လိုရိုက်ကူးထားကြလိုသာ ထူးခြားဖြစ်စဉ်တွေကို ကျွန်တော်တို့သိကြရတာပါ။ ခုဆိုရင်လဲ လူတွေမှတ်တမ်းထင်ထားတဲ့ နကျယ်ကောင် Video ဟာာထူးဆန်းပါတယ်။ 

လူတိုင်ထင်ကြမှာပါ....ဘယ်သက်ရှိမဆို ခေါင်းပြတ်တာနဲ့ အသက်မရှင်နိုင်ဘူးဆိုတာကိုပေါ့၊ ဒါပေမဲ့ နကျယ်ကောင်တွေကတော့ ခေါင်းပြတ်တာတောင်မှ အသက်ရှင်နိုင်ပြီး ပျံသန်းသွားတဲ့ အခိုက်အတန့်ကို video ရိုက်ကူးနိုင်ခဲ့ပါတယ်။ ခေါင်းပြတ်နေတာတောင် အတောင်ပံခတ်ပြီး သူရဲ့ခေါင်းကိုချီကာ ပျံသန်းသွားတာကို video မှာတွေ့နိုင်ပါတယ်။ နကျယ်ကောင်တွေက အင်းစက်မျိုးနွယ်တွေပါ။ အင်းစက်တွေက သူတို့ရဲ့ ခန္ဓာကိုယ် လှှုပ်ရှားဖို့အတွက် ခေါင်း ဒါမှမဟုတ် ဦးနှောက်ကိုမလိုပါဘူး။ 

ဘာလို့လဲဆိုတော့ သူတို့မှာ အာရုံကြောကိုသက်သက်ထိန်းချုပ်တဲ့ အစိတ်အပိုင်းတွေရှိတဲ့အတွက် ခေါင်းပြတ်တာလောက်နဲ့ ဘာမှမဖြစ်ပါဘူး။ အဲ့အစိတ်အပိုင်းကို Ganglia လိုခေါ်ပြီး အရန်ဦးနှောက်လို့လဲ့ ခေါ်ပါတယ်။ Ganglia တွေက ခန္ဓာကိုယ် အစိတ်အပိုင်းအတော်အများကို အစာရေစာပြတ်ပြီးငတ်မသေခင်အချိန်ထိ ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ နကျယ်ကောင်တွေက ၆ရက်သာအသက်ရှင်ကြပါတယ်။ မေးခွန်းထုတ်စရာက နကျယ်ကောင်တွေက ပြတ်နေတဲ့ခေါင်းကို ဘာလို့ ပြန်လည်ယူဆောင်သွားကြတာလဲ။ သူတို့တွေ အဲ့လိုသယ်ပြီး ခေါင်းကို ပြန်ဆက်မှာလား တခြားကောင်တွေ စားမို့လား။ 

Source : Cracked 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။