ပရိတ်သတ်ကြီးရေ မိတ်ကပ်လောကမှာ နာမည်ကြီး လူကြိုက်များတဲ့ မိတ်ကပ်ပညာရှင် မထက်ကိုတော့ ချစ်ပရိတ်သတ်ကြီး ချစ်မယ်ထင်ပါတယ်။မထက်ဟာ အနုပညာလောကမှာကော မိတ်ကပ်လောကမှာ နာမည်ရ မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်လာသူလေးဖြစ်ပါတယ်။သူမရဲ့ တည်တည်ငြိမ်ငြိမ် ဟန်ပန်လေးနဲ့ စကားပြောပုံလေးကလည်း ပရိတ်သတ်တွေကို စွဲမက်စေခဲ့တာအမှန်ပဲဖြစ်ပါတယ်။


မထက်ဟာဆိုရင် Makeup လောကမှာ အောင်မြင်မှုရရှိ နေတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့လက်ရာဟာ အမျိုးသမီးတွေကြားမှာ အတော်လေးကို ရေပန်းစားလျက်ရှိပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီးနောက်ပိုင်း သူမကပိုမိုလှပ လာပြီး အသွင်အပြင်တစ်မျိုး နဲ့ အပြတ်ကိုလန်းနေတာပါ။ လှပလွန်းတဲ့ Body တစ်ခုကို ပိုင်ဆိုင်ထားပြီး ညို့အားပြင်းတဲ့ မျက်နှာတစ်စုံကို ပိုင်ဆိုင်ထားနိုင်သူဖြစ်ခဲ့ပါတယ်။


မထက်ကတော့ သူရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ ဟာသဗီဒီယိုလေးတွေကို သူရဲ့လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း MON cosmetic Grand Opening ပွဲကို ဖက်ရှင် အမိုက်စားနဲ့ တက်ရောက်ခဲ့တဲ့ ပုံလေးတွေကို သူမရဲ့ ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းဟာ ဆွဲဆောင်မှုရှိရှိနဲ့ အရမ်းလှနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် မထက်ရဲ့ ဖက်ရှင် အမိုက်စားနဲ့ ပွဲတက်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။


Source:Htet Htet Htet
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။