သရုပ်ဆောင် မင်းသမီးချောလေး အေးမြတ်သူကတော့ ရိုးသားဖြူစင်ပြီး ဟန်ဆောင်မှုတွေမရှိဘဲ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူလေး ဖြစ်ပါတယ်။ အပျိုကြီးမမလို့ အားလုံးက ချစ်စနိုးနဲ့ခေါ်တာခံနေတဲ့ ပရိသတ်တွေရဲ့အချစ်တော် မမအေးမြတ်သူက ရှိရင်းစွဲအသက်ထက် ပိုမိုနုပျိုလှပလွန်းသူလည်း ဖြစ်ပါတယ်။ ကျန်းမာရေးလိုက်စားပြီး အမြဲပျော်ရွှင်အောင် နေထိုင်နေတဲ့ အေးမြတ်သူကိုတော့ ပရိသတ်တွေအားလုံးက အချစ်ပိုနေရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အေးမြတ်သူက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတဲ့အပြင် ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရတာ ဖြစ် ပါတယ်။ ဒီရက်ပိုင်းမှာတော့ အေးမြတ်သူက သူမရဲ့ Tik Tok Account မှာ ဗီဒီယိုလေးတွေရိုက်ပြီး တင်ပေးလာတာလည်း တွေ့ရပါတယ်။ အားလပ်ချိန်လေးမှာ အပျော်ရိုက်ကူးထားတဲ့ အေးမြတ်သူရဲ့Tik Tok ဗီဒီယိုလေးတွေကိုတော့ ပရိသတ်တွေက သဘောကျနေကြတာ ဖြစ်ပါတယ်။

အခုလည်း အေးမြတ်သူက "Don't Touch My Face , Phone , Aww My Boyfriend" ဆိုပြီး ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ အေးမြတ်သူက ဘေးမှာထိုင်နေတဲ့ ဖြိုးငွေစိုးကို My Boyfriend ဆိုပြီး စနောက်လိုက်တာကြောင့် ဖြိုးငွေစိုးခမျာ ရုတ်တရက်ကြောင်သွားတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အေးမြတ်သူရဲ့ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးတွေကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Aye Myat Thu Tik Tok;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။