+ချစ်ပရိသတ်ကြီးရေ...(၂၀၁၄) ခုနှစ်အတွက် "Miss Asia Pacific World" အလှမယ်ဆုရှင် ဖြစ်သလို "Asia’s Next Top Model" ရဲ့ ပြိုင်ပွဲဝင်ဟောင်း တစ်ဦးလည်း ဖြစ်တဲ့ မေမြတ်နိုးကို အထူးတလည် မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ ပိန်ပါးသွယ်လျပြီး ညှို့မျက်ဝန်းတွေနဲ့ ပရိသတ်အပေါင်းရဲ့အသည်းနှလုံးကိုဆွဲဆောင်လှုပ်ကိုင်နေတာဖြစ်ပါတယ်။ နိုင်ငံတကာစံချိန်မှီအရည်အချင်းရှိသူဖြစ်ပြီး အနုပညာမော်ဒယ်လ်လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတာဖြစ်ပါတယ်။

ခေတ်ဆန်ဆန် အတိုပြတ်လေးတွေဝတ်ဆင်လေ့ရှိပြီး၊ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်လိုက်ပြန်ရင်လည်း ကျက်သရေရှိရှိ ရိုးယဉ်စွာအလှတွေ ဝေဆာနေတာကို မြင်တွေ့ရမှာပါ။သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေအဓိကထားရိုက်ကူးတာဖြစ်ပြီး၊ ကြော်ငြာတွေမှာလည်း သူမရဲ့ ချစ်စဖွယ်မျက်နှာလေးကိုမြင်တွေ့ကြရမှာပါ။ ပရိသတ်တွေအပေါ်လည်း ရိုးသားခင်မင်စွာပေါင်းသင်းဆက်ဆံတက်ပြီး ချစ်စရာအမူအရာလေးတွေကြောင့်လည်း မြန်မာပြည်တစ်ပြည်လုံးက တစ်ခဲနက်ဝန်းရံအားပေးနေကြတာဖြစ်ပါတယ်။

မေမြတ်နိုးဟာဆိုရင် ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာ လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "Maybies’ May" ဆိုတဲ့ status လေးနဲ့အတူ အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်....။ Myanmarload ပရိသတ်ကြီးလည်း သိရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source May Myat Noe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။