Annabelle ကားရဲ့ ဒုတိယ Trailer ဟာဆိုရင် ပြီးခဲ့တဲ့နေ့က ထွက်ရှိခဲ့ပါတယ်။ ပရိသတ်ကြီးထဲက ကြည့်ပြီးတဲ့သူလဲရှိသလို မကြည့်ရသေးတဲ့သူတွေလဲ ရှိကြမှာပါ။ ကားဟာဆိုရင်လဲ အရမ်းကြောက်ဖို့ ကောင်းကာ တကယ်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ကားတစ်ကားဖြစ်တာကို ပရိသတ်ကြီးလဲသိမှာပါ။ ကားထဲက Annabelle ွှရုပ်မလေးဟာဆိုရင် အပြင်တကယ်လက်တွေ့လောကမှာ ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့အရုပ်ကို လူဝိဉာဉ်က တွယ်ကပ်နေတာပေါ့။


ခုထွက်မဲ့ကားက Annabelle ရဲ့ဒုတိယမြောက်ကားဖြစ်ပြီး ပထမကားကို သေချာကြည့်ပြီးမှ ဒုတိယကားကို ကြည့်တာ ပိုကောင်းမယ်လို့ အကြံပေးချင်ပါတယ်။ ကားဟာဆိုရင် June 26 မှာရုံတင်ပြသမှာဖြစ်ပြီး Horror Moive တွေကို ကြိုက်နှစ်သက်တတ်သူတွေ ချစ်သူနဲ့အတူ နွေးထွေးစွာကြည့်ချင်တဲ့သူတွေအတွက် ကြည့်သင့်ပါတယ်။ ရာသီသတုကလဲ မိုးလေးတအေးအေးနဲ့ဆိုတော့ သရဲကားတစ်ကားရဲ့ အရသာအပြည့်ကို ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။ ကားထဲက ဇနီးမောင်နှံဖြစ်တဲ့ Ed နဲ့ Lorraine တို့ဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ သရဲမိစ္ဆာတွေကိုနှိမ်နှင်းတဲ့ သူတွေဖြစ်ပါတယ်။


သူတို့နှစ်ဦးဖြေရှင်းခဲ့တဲ့ အမှုပေါင်းများစွာရှိခဲ့ပြီး တချို့အမှုတွေဟာ အရမ်းကို အန္တရာယ်များခဲ့ပါတယ်။ ခုလိုမျိုး Annabelle တို့လို The Nun တို့လို သရဲမိစ္ဆာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့အတွက် တကယ့်ကို အခတ်ကြုံခဲ့ပါတယ်။ ခုလာမဲ့ Annabelle ဇာတ်လမ်းကတော့ အဲ့အရုပ်မကို Ed နဲ့ Lorraine တို့ရဲ့ထိန်းသိမ်းထားမှုအောက်နေမှ အကြောင်းတစ်ခုခုကြောင်နဲ့ ကလေးမလေးတစ်ယောက်ဆိကို ရောက်သွားခဲ့ကာ ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့အမှုကို သူတို့နှစ်ယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပရိသတ်ကြီး ဇွန်လ ၂၆ရက်နေ့မှာ ကြည့်ရှူလိုက်ပါအုန်း။


Source : Daily Mail Celebrity
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။