နေရွှေသွေးအောင်ရဲ့ အမိုက်စားသီချင်းလေးတွေက ပရိသတ်တွေကိုအာရုံကိုအပြည့်အဝဖမ်းစားထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလဲ ရရှိနေခဲ့တာ့ဖြစ်ပါတယ်။ နေရွှေသွေးအောင်ကတော့ သူရဲ့ အမိုက်စားသီချင်းတွေဟာ ပရိသတ်တွေရဲ့ အားပေးမှုကိုရှိရုံသာမက အနပညာရှင်တွေရဲ့ အားပေးမှုကိုပါ ရရှိနေခဲ့ပါတယ်။



အွန်လိုင်းမှာ သူနှစ်သက်တဲ့ အဆိုတော်ရဲ့ သီချင်းဗီဒီယိုလေးတွေကို ကိုယ်တိုင်ပါဝင်ကာ MTV ရိုက်လေ့ရှိတာကြောင့် ပရိသတ်နဲ့မစိမ်းသူဖြစ်ပါတယ်။ အဆိုပါ သီချင်းဗီဒီယိုလေးတွေကို အမိုက်စားဖြစ်အောင် အနုပညာရှင်တချို့နဲ့ ပြန်လည်ရိုက်ကူးလေ့ရှိပြီး အနုပညာဘက်မှာလည်း ဝါသနာပါသူလို့ ဆိုရမှာပါ။ ဒါ့အပြင်သူဟာ ပရဟိတဘက်မှာလည်း သူတတ်နိုင်တဲ့ဘက်ကလည်း ပါဝင်လှူဒါန်းနေတာဟာလည်း မြင်ရသူအဖို့ကြည်နူးစရာကောင်းလွန်းနေတာပါ။ ဒီနေ့လေးဟာတော့ သူ့ရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။



သူ့ရဲ့မွေးနေ့လေးကိုတော့ ချစ်တဲ့သူငယ်ချင်းများက ည၁၂ နာရီအတိမှာမွေးနေ့Surprise လုပ်ပေးခဲ့တာပါ။ မထင်မှတ်ထားပဲလုပ်ပေးတဲ့ Birthday surprise ကြောင့်ဖိုးလပြည့်ကတော့ အရမ်းကိုပျော်ရွှင်ကြည်နူးခဲ့တာပါ။ ဒါ့အပြင် သူအကြိုက်နှစ်သက်ဆုံး Idol အဆိုတော်ဖြစ်တဲ့ Enrique Iglesias ကဗီဒီယိုဖိုင်လေးပို့ကာမွေးနေ့ဆုတောင်းပေးခဲ့တာကြောင့်ပိုပြီးပျော်ရွှင်ခဲ့ရတာပါ။ ပရိသတ်ကြီးလည်း နေရွှေသွေးအောင်ရဲ့မွေးနေ့surprise videoလေးကိုကြည့်ရှုအားပေးကြပါဦးနော်။
Source- theintzarmaw and Nay Shwe Thwa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။