ပရိသတ်ကြီးကို အခုတစ်ခါဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အလွန်ကိုရှားပါးပြီး တန်ဖိုးကြီးလွန်းလှတဲ့ ငါးကြီး အန်မဖတ်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ တရားဝင်ဈေးကွက်မှာရော မှောင်ခိုဈေးကွက်မှာပါ ဈေးအလွန်ကြီးတဲ့ ငါးကြီးအန်ဖတ်ဟာ ဆေးဖက်ဝင်တဲ့အပြင် အခြားသော ရေမွှေးထုတ်တဲ့နေရာမှာလည်း သုံးလို့ရပါသေးတယ်။ တစ်ခါတစ်ရံ ရေမွှေးတွင် ပါရှိသော အမွှေးအကြိုင်ကို စံပယ်ပန်း၊ နှင်းပန်း စသည်တို့မှ ပေါင်းခံမယူဘဲ ငါးကြီးအန်ဖတ်ခေါ် ဝေလငါး၏ အူအတွင်းမှ ရရှိသောပစ္စည်း တစ်မျိုးမှ ပေါင်းခံယူတတ်ကြပါတယ်။

ထိုပစ္စည်း၌ သွေးပြန်ကြောများ ပါရှိခြင်းကြောင့် အရောင်မှာ ညစ်ပုပ်ပုပ် လိုမျိုးဖြစ်နေတတ်ပါတယ်။ ပင်လယ် တွင် ငါးကြီးအန်ဖတ်များကို အစုလိုက် အပြုံလိုက် မျောနေ သည်ကို တွေ့ရတတ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာတွင် ပေါင် ၂ဝဝ ကျော်မျှ အလေးချိန်စီးသော ငါးကြီးအန်ဖတ်များကို တွေ့နိုင်ပါတယ်။ တစ်ခါတစ်ရံ ငါးကြီးအန်ဖတ်ကို ဘရာဇီးနိုင်ငံ၊ မက်ဒါဂက်စတာကျွန်း၊ အာဖရိကတိုက်နှင့် အရှေ့တိုင်းနိုင်ငံ တို့၏ ကမ်းခြေများတွင် တွေ့နိုင်ပါသေးတယ်။ အစိမ်းလိုက် တွေ့ရသော ငါးကြီးအန်ဖတ်များတွင် မနှစ်မြို့ဖွယ်ကောင်းသော အနံ့ ရှိပြီး ငါးကြီးအန်ဖတ်ကို အယ်လ်ကိုဟောနှင့် အငွေ့ပျံဆီများ တွင် ဖျော်၍ အမွှေးအကြိုင်များတွင် အနည်းငယ်ထည့်ပြီး အသုံးပြုကြပါသေးတယ်။

အချို့နိုင်ငံများတွင် အစားအစာကို မွှေးကြိုင်အောင် ငါးကြီးအန်ဖတ် အကျဉ်းထည့်၍ သုံးဆောင် တတ်ကြသောကြောင့် ငါးကြီးအန်ဖတ်ဟာ အလွန်အဖိုးတန်တယ်လို့တောင် ပြောလို့ရပါတယ်။ တစ်ခါတုန်းကဆိုရင် ပေါင် ၂၆ဝ ရှိသော ငါးကြီးအန်ဖတ်ကို ရွှေဒင်္ဂါး ပေါင် ၆၆ဝဝဝ ပေး၍ ပြင်သစ်ရေမွှေးကုမ္ပဏီ တစ်ခုက ဝယ်ယူခဲ့ဘူးတဲ့ မှတ်တမ်းမှတ်ရာတွေ ရှိခဲ့ဖူးပါတယ်။ ဒါကတော့ ငါကြီးအန်ဖတ်နဲ့ ပတ်သက်တဲ့ ဗဟုသုတအနည်းငယ်ကို ဖော်ပြပေးထားတာ ဖြစ်ပြီး သူ့ရဲ့ တစ်ခြားအသုံးဝင်ပုံတွေ ရှိရင်လည်း cOMMENT မှာ ပြန်လည် ဝေမျှပေးခဲ့လို့ရပါတယ်နော်။

Source :  Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။