ချစ်ပရိတ်သတ်ကြီးရေ... မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီးတော့ အနုပညာလမ်းကြောင်းပေါ်မှာကိုယ့်ခြေထောက်ပေါ်ကိုကိုယ်ရပ်ပြီး သူမဝါသနာပါတဲ့အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတဲ့ အိမ့်ထရက်သျှာဆိုတာ ပရိတ်သတ်ကြီးရဲ့အချစ်တော်လေးတစ်ယောက်ပါနော်။ အခုနောက်ပိုင်းမှာတော့ သူမဟာ သရုပ်ဆောင်လောကထဲကို အခြေချလာနေတာကိုလည်းတွေ့ရပါတယ်နော်။

သူမဟာ လူကောင်သေးသေးလေးဆိုပေမယ့် ပုရိသတွေ တဖြုတ်ဖြုတ်နဲ့ကြွေဆင်းသွားရလောက်တဲ့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်နော်။ ဒါ့အပြင်သူမဟာ အသံချိုချိုလေးပိုင်ရှင်မလေးလည်းဖြစ်ပြီးတော့ သူမ ဝါသနာပါဆုံးအရာလေးတွေကတော့ သီချင်းဆိုတာနဲ့ ခရီးထွက်ရတာပဲဖြစ်ပါတယ်။

သူမဟာ အားလပ်တဲ့အချိန်လေးတွေမှာ Tik Tokလေးတွေကစားလေ့ရှိပြီးတော့ Videoဖိုင်လေးတွေကို သူမရဲ့ချစ်ပရိတ်သတ်တွေကိုမျှဝေပေးတတ်သူလည်းဖြစ်ပါတယ်နော်။ ဒါကြောင့်အခုတစ်တစ်ခါမှာလည်း လတ်တလောမှာ ရေပန်းစားနေတဲ့ ငါ့ရည်းစားပိုမိုက်တယ်ဆိုတဲ့သီချင်းလေးကို ချစ်ဖို့ကောင်းအောင်သရုပ်ဆောင်ပြီးတော့ Tik Tokလေးကိုကစားခဲ့ပြန်ပါတယ်နော်။ ဒီ အိမ့်လေးဆော့ထားတဲ့ Tik Tokဗီဒီယိုအသစ်လေးတွေကိုလည်း ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။