မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက်တစ်ယောက် Tik Tok Video လေးတွေ ပြန်ဆော့နေပြီပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ရင်ခုန်ချင်စရာပုံရိပ်လေး တွေကို အမြဲလိုလိုတင်လေ့ရှိတဲ့ အပျိုကြီးကတော့ ဒီတစ်ခေါက်မှာ ပုံနဲ့တင်ချစ်မဝလို့ Video နဲ့ပါ အချစ်တွေကို ထပ်မံ သိမ်းယူလို့နေပြန်ပါတယ်။ ကျော့ရှင်းတဲ့ ခန္ဓာကိုယ် အလှနဲ့ လှပလွန်းတဲ့ သူမရဲ့မျက်နှာလေးက တကယ့်ကို Perfect ပါပဲ။

သီချင်း MTV တွေမှာလည်း ပါဝင်သရုပ်ဆောင်ပြီး သူမရဲ့ Professional အပြင် အနုပညာ အလုပ်တွေကိုလည်း တွဲဖက်လုပ်ကိုင်တတ်ပါ သေးတယ်။ ခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်းမှာ အရင်ကထက်ပိုပြီး အမျိုးသမီးဆန်တဲ့ ပုံစံတွေကြောင့် ပုရိသတွေကလည်း အပြည့်အဝ ဝန်းရံလို့နေ ပါတယ်။ ရုပ်ရှင်ဇာတ်ကား တစ်ကားလည်းရိုက်ကူးထားပြီး သူမကိုအားပေး ချစ်ခင်တဲ့ပရိသတ်တွေကလည်း အများအပြားပါပဲ။

သူမရဲ့ Tik Tok Video လေးကို " မဆော့တာကြာပြီ " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အပြတ်တွေလန်းနေတဲ့ မမထက်တစ်ယောက်ကတော့ ချစ်ပြီးရင်ချစ်အောင် ပြုစားနေတယ် နော်။ ချစ်စရာကောင်းတဲ့ မထက်ရဲ့ရင်ခုန်ဖွယ် Tik Tok လေးတွေကို အမျိုးသားထုကြီးရဲ့ ရင်ခုန်သံတွေပိုမိုမြန်ဆန်သွားစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေး လိုက်ပြီနော်။
Photo - Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။