အနုပညာလောကမှာ တဖြည်းဖြည်းနဲ့ နာမည်ရ အောင်မြင်လာပြီဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံးပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "ရန်သူ" ဇာတ်ကားနဲ့တင် ပရိသတ်တွေရဲ့ လက်ခံအားပေးမှု ရရှိခဲ့တဲ့ နေခြည်ဦးက နောက်ပိုင်းမှာတော့ ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလာရတာ ဖြစ်ပါတယ်။



နေခြည်ဦးက အနုပညာသက်တမ်း နုသေးပေမယ့် ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် ဖန်တီးပြနိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ အခုလက်ရှိမှာတော့ နေခြည်ဦးက မင်းသားချော နေတိုးနဲ့အတူ " အခမ်းနားဆုံး မေတ္တာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေတိုးနဲ့ ပထမဆုံးအကြိမ် သရုပ်ဆောင်မှာဖြစ်တာကြောင့် နေခြည်ဦးတစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားနေရတာလည်း ဖြစ်ပါတယ်။



အခုလည်း နေခြည်ဦးက နေတိုး၊ နေရွှေသွေးအောင်တို့နဲ့အတူ " နေသုံးနေ " ဆိုပြီး အမှတ်တရပုံလေးကို တင်ထားတာ တွေ့ရပါတယ်။ နေခြည်ဦးက " အခမ်းနားဆုံး အမှတ်တရ you know who they are , three nays " ဆိုတဲ့ စာသားလေးနဲ့အတူ ရိုက်ကွင်းပေါ်က ပုံလေးကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်မြင်မှုတွေ အသီးသီး ရရှိထားတဲ့ နေသုံးနေရဲ့ အမှတ်တရပုံလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:Nay Chi Oo , Nay Toe & Nay Shwe Thway Aung;



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။