သရုပ်ဆောင် မင်းသားချော မြင့်မြတ်နဲ့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုတို့နှစ်ယောက်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို အတူတူ ရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုယ်စီ သိမ်းပိုက်ရရှိထားတဲ့ သူတို့နှစ်ဦးက သရုပ်ဆောင်ပိုင်းမှာ သူမတူအောင် ထူးချွန်ကြတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက သူတို့နှစ်ယောက် ပါဝင်သရုပ်ဆောင်နေတဲ့ ဇာတ်ကားလေးကို စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။





"ချိုးရုပ်'' လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားကြီးကိုတော့ ဒါရိုက်တာအဖြစ် ခင်လှိုင်က ရိုက်ကူးပုံဖော်နေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မြင့်မြတ်၊ ခင်လှိုင်၊ တိုင်ရွန်၊ အိချောပိုနဲ့ တက္ကသိုလ် ဂွမ်းပုံစတဲ့ အနုပညာရှင်တွေ စုံစုံလင်လင် ပါဝင်ထားကြပါတယ်။ လက်ရှိမှာတော့ မြင့်မြတ်တို့အဖွဲ့က ရှမ်းပြည်နယ်၊ နောင်ချိုမြို့လေးမှာ ရိုက်ကူးရေး ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။




အခုလည်း မင်းသမီးချောလေး အိချောပိုက ''ချိုးရုပ်'' ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို တင်ပေးထားတာ တွေ့ရပါတယ်။ ရိုးသားဖြူစင်တဲ့ တော့ဓလေ့ သဘာဝတွေ ပေါ်လွင်နေတဲ့ ရိုက်ကွင်းပုံရိပ်လေးတွေက တကယ့်ကို ပျော်ရွှင်စရာကောင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ''ချိုးရုပ်'' ဇာတ်ကား ရိုက်ကွင်းနောက်ကွယ်က မြင့်မြတ်နဲ့အိချောပိုတို့အဖွဲ့ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source: Ei Chaw Po;





"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။