ပရိသတ်ကြီးရေ အနုပညာလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးရွှေမှုံကတော့ အဆိုတော် ရွှေထူးနဲ့အတူ နှစ်ယောက်တစ်ဘဝ ချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ရွှေမှုံလေးကတော့ အနုပညာအလုပ်တွေကို သူမဆယ်ကျော်သက်အရွယ်ကတည်းက လုပ်ဆောင်ခဲ့ပြီး အနုပညာမှာ ပါရမီနဲ့စန်းပါတဲ့သူဖြစ်လို့ ပရိသတ်တွေ ချစ်ခင်အားပေးကြပါတယ်။အဆိုတော်ရွှေထူးကတော့ သီချင်းလေးတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုကာလူငယ်ပရိသတ်တွေကြားရေပန်းစားခဲ့ပါတယ်နော်။

ရွှေထူးနဲ့ရွှေမှုံတို့က သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးလေးမှာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး နားလည်မှုတွေထားရှိပေးထားလို့ အရမ်းကိုပျော်ရွှင်စရာကောင်းပါတယ်။ရွှေမှုံလေးကလည်း ယောကျာ်းဖြစ်သူကို ကိုယ်တိုင် ထမင်းဟင်းတွေချက်ကျွေးကာ အိမ်ထောင်မှုနိုင်နင်းတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေပါတယ်။ရွှေထူးကလည်း ချစ်ဇနီးလေးရဲ့မျက်နှာကို တစ်ချက်မညှိုးရစေဘဲ ပျော်ရွှင်အောင်ထားတတ်တဲ့ အိမ်ထော်ဦးစီးကာင်းတစ်ယောက်ဖြစ်ပါတယ်နော်။

သူတို့စုံတွဲလေးက လိုက်ဖက်ညီကြလွန်းလို့ ပရိသတ်တွေက အရမ်းချစ်နေရတာပါ။ဇနီးမောင်နှံနှစ်ယောက်ကတော့ အားရင်အားသလို စိတ်ကူးပေါက်ရင်ပေါက်သလို နိုင်ငံရပ်ခြားတွေကို ခရီးတွေထွက်နေတတ်ပါတယ်။ရွှေမှုံလေးကတော့ ချစ်ခင်ပွန်းအပေါ် ကလေးဆိုးလေးလိုဆိုးပြီး ပူဆာတတ်တဲ့ အချွဲလေးပါနော်။အခုဆိုရင်လည်း ရွှေမှုံရဲ့ ကလေးဆန်ဆန် ချစ်စဖွယ်အမူအရာလေးတွေနဲ့ ယောကျာ်းကို ကပ်ချွဲနေတာလေးက အသည်းယားစရာကောင်းတာမို့ ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါရစေနော်။

Source:Htoo Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။