ရုပ်ရှင်သရုပ်ဆောင် နေတိုးရဲ့ ညီလေးဖြစ်တဲ့ သရုပ်ဆောင်မင်းသွေးကလည်း မြန်မာပြည်သိန်းတန်ပြောသလိုပဲ ခေသူတော့မဟုတ်လှပါဘူး။

မကြာသေးမီရက်ပိုင်းတွေက လူမှုကွန်ရက်ပေါ်မှာ ဂယက်ထခဲ့တဲ့ Myanmar Idol Season2 ဆုရှင်သားငယ် ကို တစ်ဖတ်သက် ထိုးနှက်တိုက်ခိုက်နေတဲ့ Ivan Oo အကောင့်ပိုင်ရှင် နဲ့ မင်းသွေးတို့ရဲ့ ပြဿနာကို အားလုံးလည်း သိပြီးလောက်မှာပါ။

ရခိုင်လူမျိုးဖြစ်တဲ့ မင်းသွေးက သားငယ်တင်မကဘူး တခြားဘယ်သူ့ကိုမဆို မတရားတာပြောတာမြင်ရင် မသိချင်ယောင်ဆောင်မနေတတ်တဲ့သူတစ်ဦးပါ။

သူတို့နှစ်ဦးရဲ့ ပြဿနာကတော့ အပြန်အလှန်စာစကားတွေနဲ့ ချေပရင်း လက်ရှိမှာတော့ ငြိမ်သွားပြီဖြစ်ပါတယ်။

သူ့အနေနဲ့လည်း အမုန်းပွားမယ့်ကိစ္စတွေကို ရပ်ပြီးအေးအေးဆေးဆေးနေချင်တော့တဲ့ပုံပါပဲ။

ဒါပေမယ့် မင်းသွေးကတော့ နောက်ဆုံးအကြိမ်အနေနဲ့ သူ့ရဲ့စိတ်ခံစားချက်ကို လူမှုကွန်ရက်ပေါ်မှာ အောက်ဖော်ပြပါပုံအတိုင်း ရေးသားထားပါတယ်။

“အနုပညာသမားတစ်ယောက်အနေနဲ့ အနုပညာကိုအကောင်းဆုံးဖန်တီးတယ်..သာမန်လူတစ်ယောက်အနေနဲ့တော့ သာမန်လူတစ်ယောက်လိုပဲ စဉ်းစားမှာပဲ လို့ ။ ဥပမာဗျာ ကျွန်တော်ပြောတာက လမ်းဘေးမှာ လူနှစ်ယောက်ရန်ဖြစ်နေတယ်။ဘာကြောင့်ဖြစ်ဖြစ်ဗျာ ကျွန်တော်ပြောတာက ဘယ်သူမှားတယ်။ မှန်တယ်ပြောခိုင်းတာမဟုတ်ဘူး။မဖြစ်အောင်ခွဲလိုက်ဗျာ။ ဒါပေမယ့်ဒီလိုမရှိဘူး။ရပ်ကြည့်မယ် ဓာတ်ပုံရိုက်မယ်။ အဲ့ဒါတွေကိုတော့ ကျွန်တော့တစ်ယောက်တည်းအမြင်နဲ့ မကောင်းဘူးလို့မြင်တယ်….””

ဒါ့ပြင် မင်းသွေးဟာ သူ့အနေနဲ့ အနုပညာအလုပ်လုပ်တိုင်း ဘာလာပြောပြော ငုံ ့ခံရမယ်ဆိုတာမျိုးကတော့ ပျော်စေပျက်စေပြောရရင် လူ့အခွင့်အရေးချိုးဖောက်တာလို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် မဟုတ်မခံ မတရားတာမြင်ရင် မနေတတ်တဲ့ မင်းသွေးရဲ့ စိတ်ဓာတ်ကတော့ ချိီးကျုးလေးစားစရာပါပဲ။

မင်းသွေးကတော့ ဒီနှစ်သင်္ကြန်မှာ GOTHAM မဏ္ဍပ်မှာ ရှိမယ်လို့ ပရိသတ်တွေကိုပါ ဖိတ်ခေါ်ထားပါတယ်။

ပရိသတ်ကြီးရော မင်းသွေး ပြောသလို ထောက်ခံတယ်ဟုတ်..။ 

သတင်းအရင်းမြစ် Mun Thway fb&IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။