သရုပ်ဆောင် မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ ဇာတ်ရုပ်မရွေး ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများလာတဲ့ ယမုံက "ကျွန်မကမဟေသီ" ဇာတ်လမ်းတွဲလေးမှာလည်း စံမြန်းဆိုတဲ့ဇာတ်ရုပ်လေးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။ လတ်တလောမှာတော့ ပရိသတ်တွေအားလုံးရဲ့ပါးစပ်ဖျားမှာ ဆရာမလေး စံမြန်းဆိုတဲ့နာမည်လေးက ရေပန်းစားနေတာ ဖြစ်ပါတယ်။




MRTV-4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ "ကျွန်မကမဟေသီ" ဇာတ်လမ်းတွဲလေးကတော့ ကြည့်ရှုအားပေးမှု အများဆုံးနဲ့ အောင်မြင်စွာ ဇာတ်သိမ်းသွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေး ပြီးဆုံးသွားခဲ့ပေမယ့် ပရိသတ်တွေကတော့ စံမြန်းတို့အဖွဲ့သားတွေ အားလုံးကို သတိတရရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် စံမြန်းက ဇာတ်သိမ်းပိုင်းရောက်ရှိဖို့ အတော်ကြာအောင် စောင့်စားခဲ့ရတဲ့ ပရိသတ်တွေအတွက် အမှတ်တရပုံလေးတွေကို တင်ပေးထားပါတယ်။




စံမြန်းက " အဲဒီနေ့လေးရောက်ဖို့ ပရိသတ်ကြီးတော်တော်မှ လည်ပင်းရှည်ခဲ့လား " ဆိုပြီး ပရိသတ်တွေ မျှော်လင့်စောင့်စားခဲ့ရတဲ့ ဇာတ်သိမ်းပိုင်းက ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ စံမြန်းက ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ကူးရေး ပြုလုပ်ခဲ့ကြတဲ့ "ကျွန်မကမဟေသီ" အဖွဲ့သားတွေရဲ့ ရိုက်ကွင်းနောက်ဆုံးနေ့က ပုံလေးတွေကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးစရာကောင်းတဲ့ စံမြန်းတို့မိသားစုလေးရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:Wint Yamone Naing;





"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။