ပရိသတ်တွေရဲ့အချစ်တော်လေးတွေဖြစ်ကြတဲ့ ရွှေကြိုမောင်မယ်လေးတွေကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲကြီးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ သူတို့လေးတွေက အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်လေးတွေပဲ ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်စရာကောင်းတဲ့ ရွှေကြိုလေးတွေကိုတော့ ပရိသတ်တွေအားလုံးက ဝိုင်းချစ်နေရပြီး အားပေးနေကြတာ ဖြစ်ပါတယ်။



အကယ်ဒမီပေးပွဲကြီး ပြီးဆုံးသွားပေမယ့်လည်း ရွှေကြိုမောင်မယ်လေးတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ မကြာခဏ ဆုံတွေ့လေ့ရှိကြတာ ဖြစ်ပါတယ်။ ရွှေကြိုလေးတွေက တစ်ယောက်ကိုတစ်ယောက် ဆေးထိုးစနောက်လေ့ရှိကြသလို အခုလည်း သဇင်ထူးမြင့်က သူငယ်ချင်းတွေကို ဆေးထိုးထားတာ တွေ့ရပါတယ်။ သဇင်ထူးမြင့်က "မမမိုး"သီချင်းနဲ့ အားရပါးရ ကနေကြတဲ့ ဘုန်းမင်းနေလနဲ့ ထက်လင်းအောင်တို့ရဲ့ ဗီဒီယိုလေးကို တင်လိုက်တာပဲ ဖြစ်ပါတယ်။



" ပွဲပြီးသွားတော့ဆေးမထိုးရတာ ကြာလို့Gp chatထဲက သိမ်းထားတဲ့ videoလေး ထုတ်ပြလိုက်ပြီ ပွဲနေ့မတိုင်ခင်က rehearsal နေ့မှာ သိပ်မကကြဘူးနော် ကိုယ်တွေကတော့ဒီဘက်ခြမ်းမှာ မ May T. Khine (Phoo) နေမကောင်းလို့ ပြာယာခတ်နေတာ သူတို့ကဟိုဘက်ခြမ်းမှာမသိဘူး ကနေကြတာ " ဆိုပြီး ဆေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စင်အနောက်မှာ အားရပါးရ ကနေကြတဲ့ ဘုန်းမင်းနေလတို့ရဲ့ ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:Thazin Htoo Myint;


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။