ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေထဲမှာ အဆိုတော်တွေဖြစ်ကြတဲ့ Ar-T နဲ့ မိစန္ဒီအပြင် မော်လ်ဒယ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ထူးအောင်နဲ့ အောန်ဆိုင်းတို့ကလည်း အပါအဝင်ပါပဲ..။
အနုပညာနယ်ပယ်အသီးသီးကနေ အောင်မြင်မှုတွေ ကိုယ်စီရရှိထားကြတဲ့ သူတို့သူငယ်ချင်းတစ်စုကတော့ လတ်တလောမှာတော့ ညောင်ဦးဖီးကျွန်းကို အလည်အပတ်ရောက်ရှိခဲ့တဲ့ ပုံရိပ်လေေးတွနဲ့အတူ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

သူငယ်ချင်းတွေအတူ ညောင်ဦးဖီးကျွန်းလေးမှာ ပျော်ပျော်ရွှင်ရွှင် ဓာတ်ဖမ်းခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း အားဆီက ပရိသတ်တွေကို အပျော်လေးတွေ မျှဝေထားတာလည်း တွေ့ရပါတယ်..။
ပျော်ရွှင်စရာကောင်းပြီး သူငယ်ချင်း လွတ်လွတ်လပ်လပ်ရေကစားပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကလည်း မြင်တွေ့ရသူတိုင်းကို တကယ်ကိုပဲ အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။


“နေ့တိုင်းတွေ့မှ b.f.f ဖြစ်တာမှ မဟုတ်တာ ။ b.f.f တွေမဟုတ်ပေမယ့် ညောင်ဦးဖီးကျွန်းခရီးစဉ်က ကျနော်တို့တွေကိုပိုပြီး ယုံကြည်ရင်းနှီးစေခဲ့ပါတယ် ။
I miss u guys much
ညောင်ဦးဖီးကျွန်းကိုလွမ်းတယ် ၊
အားတီ နဲ့ မိစန္ဒီ ရဲ့ အဆီတွေနဲ့အလှကို အပြစ်မမြင်ပါနဲ့နော်..” ဆိုပြီး အမှတ်တရလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။
ဒီကနေ့လေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်လေး လေးယောက်ရဲ့ ပျော်ပျော်ရွှင်ရွှင်ဓာတ်ဖမ်းခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေေးတွကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။


Photo – Ar-T
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။