ပြီးခဲတဲ့နှစ်တုန်းကဆိုရင် သူတို့နှစ်ယောက်ကိစ္စတွေဟာ အဆင်မပြေဖြစ်ခဲ့ကြပါတယ်..။ ပြီးတော့ခုချိန်မှာ Halsey ဟာ ချစ်သူဖြစ်သူ Yungblud နဲ့အတူ Coachella ပွဲတော် ၂ရက်မြောက်နေ့မှာ အတူတူရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်။ Withou Me အဆိုတော်ဖြစ်တဲ့ Halsey ဟာ အသက် ၂၄နှစ်ဖြစ်ပြီး ချစ်သူဖြစ်တဲ့ Yungbludကတော့ ဂီတပညာရှင်တစ်ယောက်ဖြစ်ကာ အသက် ၂၀သာရှိသေးတာဖြစ်ပါတယ်။


နှစ်ယောက်လုံးကတော့ အပြန်အလှန်လိုက်ဖက်အောင်ဝတ်ဆင်ထားတာဖြစ်ပြီး အရောင်ကတော့ အနီနဲ့အနက်ပဲဖြစ်ပါတယ်။ Halsey ရဲ့ Real Name ကတော့ Ashley Frangipane ပဲဖြစ်ကာ အနက်ရောင်သားရေ Bra နဲ့ စကတ်ကို ဝတ်ဆင်ထားတာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ သူတို့နှစ်ယောက်ဟာ တခြားသူတွေနဲ့စကားပြောနေရတာကို ကြိုက်နှစ်သက်ကြပါတယ်။ အားကျစရားကောင်းပါတယ်.....သူတို့အတွဲလဲ......။


Halsey နဲ့ Yungblud တို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကမှ ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့မတိုင်ခင်မှာတော့ Halsey ဟာ ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ G-Eazy နဲ့တွဲနေခဲ့တာပဲဖြစ်ပြီး ကြားထဲမှာအဆင်မပြေမှုတွေဖြစ်ကာ အောက်တိုဘာလမှာ လမ်းခွဲခဲ့ကြပါတယ်။ အဲ့နောက်ဇန်နဝါရီလမှာ Halsey ဟာ Yungblud နဲ့အတူရိုက်ထားတဲ့ပုံကိုတင်ခဲ့တဲ့ချိန်မှ ချစ်သူတွေဆိုတာသိရှိခဲ့ရပါတယ်။


Source : Daily Mail Celebrity
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။