"မဟူရာ ရုပ်ရှင်ရုံ'' ဇာတ်ကားကြီးကတော့ ပရိသတ်တွေကြားမှာ ရုံမတင်ခင်ကတည်းက စိတ်ဝင်တစား အားပေးမှုတွေ အများဆုံး ရရှိထားတဲ့ ဇာတ်ကားကြီး ဖြစ်ပါတယ်။ မြင်နေကျ သရဲကားတွေနဲ့မတူဘဲ ဆန်းသစ်တဲ့နည်းပညာတွေနဲ့ အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကြီးကတော့ ပရိသတ်တွေရဲ့စိတ်အာရုံကို အပြည့်အဝ ဖမ်းစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သည်းထိပ်ရင်ဖိုဖွယ် ဖြစ်ရပ်များကို ရှုစားမြင်တွေ့ရမယ့် ဒီဇာတ်ကားကြီးရဲ့ Official Trailer ကလည်း တစ်ရက်တည်းနဲ့တင် ကြည့်ရှုသူ (၅) သန်းအထိ ရရှိခဲ့ပါတယ်။



လာမယ့် ဧပရယ်လ (၂၅) ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ''မဟူရာ ရုပ်ရှင်ရုံ'' ဇာတ်ကားကြီးက နိုင်ငံတကာ ဆုပေးပွဲကြီးမှာ ဆုနှစ်ဆုအထိ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကတော့ နှစ်စဉ် စက်တင်ဘာလတိုင်း အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့မှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတကာ အသိအမှတ်ပြု '' Cult Critic Movie Award '' ပွဲတော်ကြီးမှာ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်တွေကိုချီးမြှင့်တဲ့ BEST ACTOR ဆုအတွက် ထပ်ဆင့်အကယ်ဒမီ နေတိုးက ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမဆုံးရုပ်ရှင်ဇာတ်ကားအနေနဲ့ရိုက်ကူးတဲ့ 1st time Director တွေကို ရွေးချယ်ချီးမြှင့်တဲ့ " BEST DEBUT FILMMAKER '' ဆုအတွက် ဒါရိုက်တာပြည့်ဇော်ဖြိုးက ရရှိခဲ့ပါတယ်။



နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ဆုတံဆိပ်တွေကို ဆွတ်ခူးထားနိုင်တဲ့ ဒီဇာတ်ကားကြီးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်နှစ်ခုမှာ ပြသဖို့အတွက် ရွေးချယ်ခြင်းခံထားရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ''မဟူရာ ရုပ်ရှင်ရုံ'' ဇာတ်ကားကြီးက နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ရွေးချယ်ပြသခြင်းခံရတဲ့ ပထမဆုံး မြန်မာသရဲရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း စိတ်ဝင်စားစရာကောင်းပြီး နိုင်ငံတကာမှာပါ ဆုတံဆိပ်တွေရရှိထားတဲ့ ''မဟူရာ ရုပ်ရှင်ရုံ'' ဇာတ်ကားကြီးကို လာမယ့် ဧပရယ်လ (၂၅) ရက်နေ့မှာ လက်မလွှတ်တမ်း သွားရောက်ကြည့်ရှုဖို့ တိုက်တွန်းပေးလိုက်ပါတယ်နော်။
Source: မဟူရာ ရုပ်ရှင်ရုံဇာတ်ကားကြီး;




"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။