သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးကတော့ သွက်သွက်လက်လက်နဲ့ အရမ်းကို ထက်မြက်လွန်းတာကြောင့် အချိန်ခဏလေးအတွင်းမှာတင် အောင်မြင်မှုများစွာကို ရရှိခဲ့သူ ဖြစ်ပါတယ်။ Beauty Blogger အဖြစ်ရော အနုပညာရှင်တစ်ဦးအဖြစ်ပါ ပရိသတ်တွေရဲ့ လက်ခံအားပေးမှု ရရှိထားတဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေခြည်ဦးက ဒူဘိုင်းကို အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

ခရီးထွက်ရတာ ဝါသနာပါတဲ့ နေခြည်ဦးက ချစ်သူနဲ့အတူ ဒူဘိုင်းကို အပန်းဖြေခရီးထွက်နေတာပဲ ဖြစ်ပါတယ်။ ဘန်ကောက်မှာအနားယူပြီး ဒူဘိုင်းကို ခရီးဆက်ခဲ့ကြတဲ့ နေခြည်ဦးတို့စုံတွဲကတော့ သင်္ကြန်ပိတ်ရက်ကို ကောင်းကောင်းအသုံးချလိုက်တာ ဖြစ်ပါတယ်။ အခုလည်း နေခြည်ဦးက ဒူဘိုင်းမှာ Shopping Mall တစ်ခုလုံးပိတ်တဲ့အထိ ဈေးဝယ်ထွက်ခဲ့ပါတယ်။

ပိုက်ဆံစုရမယ်ဆိုပြီး စိတ်ကြိုက် ဈေးဝယ်လိုက်တဲ့ နေခြည်ဦးကိုတော့ ချစ်သူအောင်နွေဦးက ဘေးကနေ လိုက်စနေတာ တွေ့ရပါတယ်။ အခုလည်း နေခြည်ဦးက ''Dubai Mall က ည ၁၂ နာရီပိတ်လို့သာဘဲ မနက်ဖြန်မှ ဒူဘိုင်းပုံလေးတွေတင်ပေးတော့မယ် Story ကြည့်ချင်ရင် Instagram မှာighlight လုပ်ထားပေးတယ်။အိပ်ပြီနော် '' ဆိုပြီး ပြောထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေခြည်ဦးတို့စုံတွဲရဲ့ ဗီဒီယိုလေးကိုလည်း အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: NayChiOo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။