ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နန်းဆုရတီစိုးကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ ကြာမြင့်နေပြီဖြစ်ပြီး ဝါသနာတစ်ခုကိုအရင်းခံကာ အနုပညာအလုပ်တွေကို လှုပ်ရှားခဲ့တာပဲဖြစ်ပါတယ်။နန်းစုက ဇာတ်ကားများစွာကိုလည်း ပါဝင်ရိုက်ကူးခဲ့ပြီး ပီပြင်ပိုင်နိုင်တဲ့ အိုင်တင်တွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့ပါတယ်။နန်းစုရဲ့ အိုင်တင်လေးတွေဟာဆိုရင် ချစ်စရာအမူအရာလေးတွေနဲ့ စကားပြောဟန်လေးတွေက ပရိသတ်ကို တစ်မျိုးလေးဆွဲဆောင်ပါတယ်နော်။

နန်းစုက ဖြူဖွေးနုဖတ်နေတဲ့ အသားအရည်နဲ့ အပြစ်ပြောစရာမရှိတဲ့ ကျော့ရှင်းတဲ့ အလှတရားတွေကြောင့် အရမ်းကိုချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်လို့ ဆိုလို့ရပါတယ်။ယခုချိန်မှာဆိုရင်လည်း အသက်အရွယ်တစ်ခုကိုရောက်ရှိလာပေမယ့် ပျိုမျစ်နုငယ်တဲ့အလှတရားတွေက မကုန်ခမ်းသွားပါဘူးနော်။ချစ်သူ ဂျီဖတ်နဲ့လည်း အရမ်းကိုလိုက်ဖတ်လွန်းလှပြီး အားကျစရာကောင်းတဲ့ စုံတွဲလေးပါ။နှစ်ယောက်အတူတူ သီချင်းတွေကိုလည်း ဖန်တီးခဲ့ပြီး ပရိသတ်ရဲ့ နှစ်ခြိုက်သဘောကျမှုတွေရရှိခဲ့ပါတယ်။

နန်းစုလေးက ချစ်သူဂျီဖတ်ကိုလည်း ကလေးဆိုးလေးတစ်ယောက်လို ဆိုးတတ်ပါသေးတယ်နေ်ာ။အခုဆိုရင် နန်းစုတို့စုံတွဲလေးက အနုပညာအလုပ်တွေကိုလည်း ပုံမှန်လေးလှုပ်ရှားနေသလို ဖိတ်ကြားတဲ့ ပွဲအခမ်းအနားတွေကိုလည်း နှစ်ယောက်သားက လိုက်ဖက်ညီစွာ တတ်ရောက်လာတာကို တွေ့မြင်ရမှာပါ။အခုဆိုရင်တော့ နန်းစုက ပခုက္ကူမှာ သီချင်းဆိုပြီး အပြန်မှာ ပုဂံမြေကိုဝင်ရောက်လည်ပတ်ခဲ့ပါတယ်။နန်းစုရဲ့ ရူးအောင်ချစ်ရသူ သီချင်းလေး MTVကိုလည်း ပုဂံမြေမှာ ပုံဖော်ခဲ့တာကြောင့် နန်းစုရဲ့ ရူးအောင်ချစ်ရတဲ့မြေလေးမှာ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။