ပြည်သူ့အချစ်တော် မင်းသားချောကြီး နေတိုးကတော့ ဒီနေ့မှာ ကျင်းပပြုလုပ်တဲ့ '' Star Awards'' အကယ်ဒမီဆုပေးပွဲကြီးမှာ '' Best Actor in a leading role'' ဆုကြီးကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီဆုကြီးကိုတော့ နေတိုးက ''တိမ်တိုက်တံတား '' ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးရဲ့ပရိသတ်တွေကတော့ သူ့အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေကြပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နေတိုးက ဘုရားထီးတင် အလှူပွဲကြီးအတွက် မွေးရပ်မြေ မြန်အောင်မြို့ကို ရောက်ရှိတာကြောင့် ဆုပေးပွဲကြီးကို တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း နေတိုးကိုယ်စား ကိုဝေမင်းမောင်က ဆုတက်ယူပေးခဲ့ရတာပဲ ဖြစ်ပါတယ်။ နေတိုးကတော့ ''တိမ်တိုက်တံတား'' ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ရုပ်ကိုအပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ အကယ်ဒမီဆုပေးပွဲကြီးမှာ နေတိုးအနေနဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပေမယ်လည်း ဆုမရရှိခဲ့တာကြောင့် ပရိသတ်တွေက စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ နေတိုးက ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း '' Best Actor In A Leading Role (flim) '' ဆုကြီးကို ရရှိနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Star Awards;

Photo:credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။