လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ တဖြည်းဖြည်းနဲ့ နာမည်ရအောင်မြင်လာတဲ့သူလေးကတော့ " Little Miss Supranational Myanmar " ဆုရှင် သမီးလေး သွန်းမြတ်ကြယ်စင်ပဲ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ " Mini Mister Myanmar & Mini Miss Myanmar " ပြိုင်ပွဲကြီးမှာ သရဖူဆုကို သိမ်းပိုက်ရရှိနိုင်ခဲ့တဲ့ သမီးလေး သွန်းမြတ်ကြယ်စင်က အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

အသက် လေးနှစ်အရွယ်သာရှိသေးတဲ့ Little Miss လေး သွန်းမြတ်ကြယ်စင်က အရွယ်လေးနဲ့မလိုက်အောင် အနုပညာစွမ်းရည်ပြည့်ဝသူလေးလည်း ဖြစ်ပါတယ်။ မော်ဒယ်၊ သရုပ်ဆောင်အလုပ်ကို ဝါသနာပါတဲ့ သမီးလေးက အခုဆိုရင် ပြိုင်ပွဲပြီးကတည်းက photo Shooting လေးတွေ ဆက်တိုက်ရိုက်ကူးလာတာ တွေ့ရပါတယ်။ အခုလည်း သွန်းမြတ်လေးက သင်္ကြန်အတွက် အမိုက်စားဖက်ရှင်လေးတွေနဲ့ အရမ်းကို ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေကို တင်ထားပါတယ်။

သွန်းမြတ်လေးရဲ့ သင်္ကြန်ဖက်ရှင် စတိုင်လေးကတော့ လူကြီးတွေလိုက်လို့ မမှီနိုင်လောက်အောင် အရမ်းကို အထာကျခေတ်မှီနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သမီးလေးက ပိတောက်ပန်းလေးတွေပန်ဆင်ပြီး မြန်မာဆန်ဆန် ဖက်ရှင်လေးနဲ့ တစ်မျိုးလေး နန်းဆန်နေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Little Miss သွန်းမြတ်ကြယ်စင်ရဲ့ ချစ်စရာကောင်းတဲ့ သင်္ကြန်ဖက်ရှင်ပုံရိပ်လေးတွေကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thonn Myat Kyal Sin; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။