မြန်မာနိုင်ငံရဲ့ ထိပ်တန်းရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသားချော နေတိုးက ဒိတ်ဒိတ်ကြဲ အနုပညာရှင်စာရင်းမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ အနေအေးပြီး ရိုးသားဖြူစင်တဲ့ နေတိုးကိုတော့ ပရိသတ်တွေအားလုံးက ဝိုင်းချစ်နေကြသလို အပြတ်အသတ် ဝန်းရံအားပေးနေကြတာလည်း ဖြစ်ပါတယ်။ ထပ်ဆင့်အကယ်ဒမီဆုရှင် နေတိုးက သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သလို အဆိုပိုင်းမှာလည်း အသံချိုချိုလေးနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်သူ ဖြစ်ပါတယ်။





သီချင်းဆိုကောင်းတဲ့ နေတိုးက တစ်ခါတစ်လေမှာ ဇာတ်ဝင်တေးသီချင်းတွေကအစ ကိုယ်တိုင်သီဆိုလေ့ရှိတာလည်း ဖြစ်ပါတယ်။ "လရောင်ဖြာတဲ့ အင်းလေးမှာ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးဖြစ်တဲ့ " လရောင်ချော့တေး " သီချင်းကိုလည်း နေတိုးကိုယ်တိုင်သီဆိုခဲ့ပါတယ်။ အခုလည်း နေတိုးက သူရဲ့ကိုယ်ပိုင် Studio မှာ သီချင်းတိုက်နေရင်း " လရောင်ချော့တေး " သီချင်းလေးကို ခံစားချက်အပြည့်နဲ့ သီဆိုနေတာ တွေ့ရပါတယ်။






အဖွဲ့သားတွေနဲ့အတူ သီချင်းတိုက်ရင်း ပျော်ရွှင်နေတဲ့ နေတိုးရဲ့ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ အသံချိုချိုလေးနဲ့ " လရောင်ချော့တေး " သီချင်းကို သီဆိုနေတဲ့ နေတိုးရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် ခံစားချက်တွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော နေတိုးရဲ့ " လရောင်ချော့တေး " သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်လေးနဲ့ ပုံရိပ်တွေကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:Nay Toe & Story Book Movie Studio;




"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။