ချစ်ပရိတ်သတ်ကြီးရေ... မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီးတော့ အနုပညာလမ်းကြောင်းပေါ်မှာကိုယ့်ခြေထောက်ပေါ်ကိုကိုယ်ရပ်ပြီး သူမဝါသနာပါတဲ့အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတဲ့ အိမ့်ထရက်သျှာဆိုတာ ပရိတ်သတ်ကြီးရဲ့အချစ်တော်လေးတစ်ယောက်ပါနော်။ အခုနောက်ပိုင်းမှာတော့ သူမဟာ သရုပ်ဆောင်လောကထဲကို အခြေချလာနေတာကိုလည်းတွေ့ရပါတယ်နော်။

သူမဟာ လူကောင်သေးသေးလေးဆိုပေမယ့် ပုရိသတွေ တဖြုတ်ဖြုတ်နဲ့ကြွေဆင်းသွားရလောက်တဲ့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်နော်။ဒါ့အပြင် ပရိတ်သတ်တွေရင်ကိုဆွဲကိုင်လှုပ်နိုင်တဲ့သံစဉ်လေးတွေကို သီဆိုတတ်တဲ့အသံချိုချိုလေးတွေကိုလည်းပိုင်ဆိုင်ထားသူလေးပါနော်။

သူမဟာအနုပညာဗီဇလေးကလည်း မွေးကတည်းကပါလာသူလေးဖြစ်လေတော့ မော်ဒယ်နဲ့အဆိုပိုင်းအပြင် ကတာကလည်းသူမရဲ့ဝါသနာတစ်ခုဖြစ်နေခဲ့ပါတယ်နော်။ အခုတစ်ခါမှာလည်း မိန်းကလေး သူငယ်ချင်းတွေစုံရင် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေပြီး စိတ်ထဲရှိတဲ့အတိုင်းလျှောက်လုပ်တတ်တဲ့အကျင့်လေးရှိတဲ့သူမဟာ သူမရဲ့ သူငယ်ချင်းဖြစ်သူနဲ့ မိန်းကလေးချင်း စုံတွဲလေးတွဲပြီးတော့ အမိုက်စားကကွက်လေးတွေကိုအတူတူကနေခဲ့ပါတယ်နော်။ ဒါကိုသူမရဲ့သူငယ်ချင်းက ဆေးထိုးပြီးနောက်ပြောင်ကျီစယ်ကာ လူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့တာဖြစ်ပြီးတော့ အိမ့်လေးရဲ့ ချစ်ပရိတ်သတ်တွေကတော့ ဒီဗီဒီယိုဖိုင်လေးကြောင့် အချစ်တွေပိုသထက်ပိုခဲ့ရပြန်ပါတယ်နော်....

Source :Htet Yadanar Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။