လတ်တလော ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစား အောင်မြင်နေသူလေးတွေကတော့ ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲကြီးမှာ ရွှေကြိုစုံတွဲလေးအဖြစ် ပါဝင်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ကို ပရိသတ်တွေက အပြတ်အသတ် အားပေးဝန်းရံခဲ့ကြတာ ဖြစ်ပါတယ်။ ဘုန်းမင်းကတော့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့သားချောလေးဖြစ်ပြီး သဇင်လေးကတော့ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးချောလေးပဲ ဖြစ်ပါတယ်။



မျိုးဆက်သစ် အနုပညာရှင်လေးတွေဖြစ်ကြတဲ့ ဘုန်းလေးနဲ့ သဲလေးတို့နှစ်ယောက်က အနုပညာလောကကို အခုမှ စတင်အခြေချလာတဲ့ တက်သစ်စ အနုပညာရှင်လေးတွေ ဖြစ်ပါတယ်။ လိုက်ဖက်ညီလွန်းလို့ လူကြိုက်များအောင်မြင်နေတဲ့ သူတို့နှစ်ယောက်က အခုဆိုရင် အနုပညာအလုပ်တွေကို အတူလုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။ အခုလည်း သူတို့နှစ်ယောက်က သင်္ကြန်အတွက် shooting လေးတစ်ခုကို အတူရိုက်ကူးခဲ့ကြပါတယ်။



ဘုန်းမင်းက '' အဝါရောင်လေးကဘယ်သူလည်းဘယ်ကလည်းကွယ် ဒီနေ့ Thingyan အတွက် shootingတစ်ခုမှာမောင်နှမနှစ်ယောက်ထပ်ဆုံဖြစ်တယ် '' ဆိုပြီး သူတို့နှစ်ယောက်ရဲ့ပုံလေးတွေကို တင်ပေးထားပါတယ်။ အရမ်းကို လိုက်ဖက်ညီတဲ့ သူတို့နှစ်ယောက်ကိုတော့ ပရိသတ်တွေက သဘောကျလွန်းလို့ ချစ်ခင်အားပေးနေကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘုန်းမင်းနဲ့ သဇင်တို့ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source: Phonemin Nay La & Thazin Htoo Myint;




"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။