ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ အပြင် အမြဲကြည်နူးစရာလေးတွေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူကတော့ အန်ကယ်လေးလို့ အားလုံးကခေါ်ကြတဲ့ အကယ်ဒမီသရုပ်ဆောင် လူမင်းပဲ ဖြစ်ပါတယ်နော်..။
အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ပီပြင်သရုပ်ဆောင်နိုင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးဝမ်းရံမှုတေ်ကိုလည်း အခိုင်အမာရရှိထား ပြည်သူအချစ်တော် ဝါရင့်သရုပ်ဆောင် အကယ်ဒမီအနုပညာရှင် တစ်ဦးဆိုလည်း မမှားပါဘူး..။




လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးနေပြီး လမယ့် မတ်(၂၉)ရက်နေ့မှာ ရုံတင်ပြသတော့မယ့် "နို့ဘီလူး" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်နော်..။
"နို့ဘီလူး" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုပ်ရှင်အထူးပြပွဲကိုတော့ ပြီးခဲ့တဲ့ မတ်လ(၂၆)ရက်နေ့က စည်စည်ကားကား ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့သလို အန်ကယ်လေးကလည်း ချစ်ဇနီးချောလေးအပြင် သားသားမီးမီလေးတို့တွေနဲ့အတူ မိသားစုစုံစုံညီညီလေး တက်ရောက်လာခဲ့ပါတယ်နော်..။






မိသားစုလေးစုံစုံညီညီနဲ့ အခမ်းအနားပွဲတက်ရောက်လာခဲ့တဲ့ အန်ကယ်လေးတို့ မိသားစုလေးကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည်နူးချမ်းမြေ့စရာကောင်းပြီး တကယ်ကိုအားကျစရာ မိသားစုလေးလည် ဖြစ်ပါတယ်နော်..။
ဝါရင့်သရုပ်ဆောင် အနုပညာရှင်ကြီးတွေ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့အတိုင်း "နို့ဘီလူး" ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်မပြသမှီကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်နော်..။






Photo - လူမင်း
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။