မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ကျော်ကျော်ဗိုလ်ရဲ့ ဂုဏ်ပြုညစာစားပွဲမှာတော့ ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့ သူငယ်ချင်းနှစ်ယောက်က အတူတူ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။ ဘုန်းမင်းနဲ့ သဇင်တို့နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ ရွှေကြိုစုံတွဲလေးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘုန်းမင်းကတော့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့သားလေးဖြစ်ပြီး သဇင်ထူးမြင့်ကတော့ သရုပ်ဆောင် ခင်လှိုင့်ရဲ့သမီးချောလေးပဲ ဖြစ်ပါတယ်။


သူတို့နှစ်ယောက်ကတော့ အကယ်ဒမီပေးပွဲမှာ လိုက်ဖက်ညီတဲ့ ရွှေကြိုစုံတွဲလေးအဖြစ် ပါဝင်ခဲ့ကြတာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။ မနေ့ညက ကျော်ကျော်ဗိုလ်ရဲ့ညစာစားပွဲလေးမှာတော့ အနုပညာရှင်တွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြပြီး အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်လေးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဘုန်းမင်းနဲ့ သဇင်တို့နှစ်ယောက်ကတော့ သူတို့ချစ်တဲ့အနုပညာရှင်တွေနဲ့ တွေ့ဆုံရင်း ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။



ဘုန်းမင်းနဲ့ သဇင်တို့သူငယ်ချင်းတစ်စုကတော့ သူတို့တွေ ငယ်ငယ်လေးကတည်းက ချစ်ခင်အားပေးခဲ့ရတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသားချောလေး နေတိုးနဲ့အတူ ဆုံတွေ့ခဲ့ရလို့ ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့လေးက နေတိုးနဲ့အတူ အမှတ်တရ ဓာတ်ပုံတွေရိုက်ကူပြီး အပျော်တွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးခဲ့ကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ကျော်ဗိုလ်ရဲ့ ညစာစားပွဲမှာ တွေ့ဆုံခဲ့တဲ့ ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့ သူငယ်ချင်းတစ်စုရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:Phonemin Nay La & Thazin Htoo Myint;



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။