ဖိုက်တင်မင်းသမီးလေးယဉ်လတ်တစ်ယောက်ကတော့ မင်းသမီးထဲမှာမှ တကယ်ရှား ရှားပါးပါး ဖိုက်တင်မင်းသမီးပါပဲ။ ရုပ်ကလေးလည်း ချစ်စရာ ကောင်းသလောက် အတိုက် အခိုက်ကလည်း ကျွမ်းကျင်လွန်းပါတယ်ပရိသတ်ကြီးရေ။ မကြာခဏဆိုသလို သူမရဲ့ချစ်စဖွယ် ပုံရိပ်လေးတွေကို တင်ပေးတတ်ပြီး ဒီတစ်ခေါက်မှာလည်း ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်ပြန်ပါပြီ။

သူမက ပန်းချီဆွဲရတာလည်းဝါသနာပါသူတစ်ယောက်ပါပဲ။ လက်ရှိအနုပညာအလုပ်တွေ လုပ်နေချိန်မှာတော့ ပန်းချီဖက်ကိုအားသိပ်မစိုက်နိုင် တော့ တာမို့ ပန်းချီဆွဲတာတွေကို ခဏရပ်ထားလိုက်ရတယ်လို့ဆိုပါတယ်။ " စစ်ကိုမုန်း၍ တိုက်ခဲ့သည် " ဇာတ်ကားမှာတော့ သူမရဲ့အကြမ်းဆုံးနဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေဟာ ပရိသတ်ကြီးရဲ့ရင်ကို လှုပ်ခတ် သွားစေခဲ့တာမို့ သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေ ပိုမိုများပြားလာခဲ့ ပါတယ်။


သူမရဲ့ရင်ခုန်ဖွယ်ပုံရိပ် လေးတွေကို " မေမုန်းသက် ရင်ထဲမှ မေမုန်း ကို ဆွဲနှုတ်ခဲ့ရသည့် နောက်ဆုံးည သက် ရင်ထဲမယ် ဟာတာတာကြီးရယ် .. ကျုပ် ညည်းကိုချစ်တယ် မိသက် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ရိုက်ကွင်းပေါ်မှာတော့ ခပ်ကြမ်းကြမ်းလက်သီးလေးတွေ ရှိနေတတ်ပြီး ပရိသတ်တွေနဲ့တွေ့ရင်တော့ အပြုံးချိုချိုလေးတွေအဖြစ် ပြောင်းလဲသွားတတ် သူလေးပါပဲ။
Photo - Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။