ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပတဲ့ Mini Mister Myanmar & Mini Miss Myanmar ပြိုင်ပွဲကြီးကိုတော့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၅) ရက်နေ့က ရန်ကုန်မြို့ရှိ၊ Taw Win Garden Hotel (Grand Ballroom) မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီပွဲကြီးမှာတော့ အရမ်းကို ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေက ဝင်ရောက်ယှဉ်ပြိုင်ပြီး စွမ်းရည်တွေကို ပြသခဲ့ကြပါတယ်။

ဒီပွဲကြီးမှာတော့ Little Miss Supranational Myanmar သရဖူဆုကို အသက်(၄) နှစ်အရွယ် သမီးလေး သွန်းမြတ်ကြယ်စင်က ဆွတ်ခူးရရှိခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးက မော်ဒယ်၊သရုပ်ဆောင်လုပ်ရတာကို ဝါသနာပါသူလေးဖြစ်ပြီး ဒီပြိုင်ပွဲမှာလည်း အကောင်းဆုံးကြိုးစားနိုင်ခဲ့တာကြောင့် အခုလိုမျိုး အောင်မြင်မှုတွေ ရရှိလာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် "မိုအာနာ" ဝတ်စုံလေးနဲ့ ရဲရဲရင့်ရင့် ယဉ်ပြိုင်ခဲ့တာကြောင့် ပရိသတ်တွေက အချစ်ပိုခဲ့ရပါတယ်။

အခုလည်း သမီးလေး သွန်းမြတ်ကြယ်စင်က သရဖူဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီး အားလုံးကို ဝမ်းမြောက်ဝမ်းသာနဲ့ ကျေးဇူးတင်စကားဆိုထားတာ တွေ့ရပါတယ်။ အခုမှ ပူပူနွေးနွေး ဆုရရှိထားတာကြောင့် သမီးလေးက အရမ်းကို ပျော်ရွှင်နေပြီး အတိုင်းမသိ ပီတိဖြစ်နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပထမဆုံးအကြိမ် Mini Miss & Mister Myanmar ပြိုင်ပွဲကြီးမှာ Little Miss Supranational Myanmar သရဖူဆုကြီးကို ရရှိခဲ့တဲ့ သွန်းမြတ်ကြယ်စင်လေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Miss Golden Land Myanmar;

photo & video credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။