ချစ်ပရိသတ်ကြီးရေ....Miss Myanmar World 2016 Winner တစ်ယောက်ဖြစ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် Bella Myat Thiri Lwinကို သိကြမယ်ထင်ပါတယ်နော်။ သူမရဲ့ချစ်ဖို့ကောင်းတဲ့ အပြုံးချိုချိုမျက်နှာထားလေးကြောင့်တတိုင်းပြည်လုံးရှိ ပရိသတ်တွေက ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်။ အနုပညာလောကထဲကို မကြာသေးမှီကမှ ဝင်ရောက်လာတယ်ဆိုပင်မဲ့ သူမရဲ့ အလှအပတွေနဲ့ သရုပ်ဆောင်မှုတွေကြောင့် ပုရိသတို့ရဲ့ အသည်းနှလုံးကို ချုပ်ကိုင်ဖမ်းစားနိုင်တာဖြစ်ပါတယ်။


Bella ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလာရတာဖြစ်ပြီး၊ ဖွင့်ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးလာရပြီး social media ပေါ်မှာ သူမရဲ့ အပြုံးချိုချို မျက်နှာထားလေးကို အမြဲလိုလို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပတဲ့ မော်ဒယ်လ်သရုပ်ဆောင်လေးတစ်ယာက်ဖြစ်တဲ့ Bella ကို ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်။


Bella ကတော့ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း အနက်ရောက်ကြိုက်သူပီပီ နက်ရှိုင်းသော အပေါ်အောက် ဆင်တူ ဖက်ရှင်အလန်းစားအင်္ကျီလေးကိုဝတ်ဆင်ထားပြီး ဓာတ်ဖမ်းခဲ့တာကိုမြင်တွေ့ရမှာပါ...။ အဆိုပါအကြောင်းကို "I’ll stop wearing black when they make a darker color" ဆိုတဲ့ status လေးနဲ့တကွ သူမရဲ့ official facebook acc တွင်ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.....။
Source Bella Myat Thiri Lwin


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။