သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ အနေအေးပြီး ရိုးသားဖြူစင်သူတဲ့ အနုပညာရှင်လေးတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ဇာတ်လမ်းတွဲလေး ရိုက်ကူးအောင်မြင်နေတဲ့ ပိုးအိက လက်ရှိမှာလည်း အနုပညာလုပ်ရှားမှုတွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုးအိအိခန့်က နိုင်ငံဂုဏ်ဆောင် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အောင်သူရဲ့ ချစ်ဇနီးချောလေးလည်း ဖြစ်ပါတယ်။

ပိုးအိအိခန့်က သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သလို ပညာရေးနဲ့ပတ်သက်ပြီးလည်း အာရုံစိုက်ကြိုးစားတာကြောင့် ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။ ဥပဒေကျောင်းသူလေးဖြစ်တဲ့ ပိုးအိက မဟာဥပဒေစာမေးပွဲကို အောင်မြင်နိုင်ခဲ့တာကြောင့် ဘဝမှာ မှတ်တိုင်နှစ်ခုတောင် စိုက်ထူနိုင်ခဲ့ပါတယ်။ အခုလည်း ပိုးအိအိခန့်က အနီရောင်ဝတ်စုံလေးနဲ့ ရဲရဲတောက်လှနေတဲ့ မြန်မာဆန်ဆန် အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။

ပိုးအိက " ဘဝရဲ့ နှစ်ကြိမ်မြောက် အမှတ်တရ "မဟာဥပဒေဘွဲ့" ယူတဲ့ နေ့ " ဆိုပြီး လှချင်တိုင်းလှနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ဘွဲ့ဝတ်စုံလေးနဲ့ အရမ်းကို ကျက်သရေရှိပြီး ကြည့်ကောင်းနေတဲ့ ပိုးရဲ့အလှတရားတွေကတော့ မြင်သူတိုင်းရင်ကို အေးချမ်းမှုတွေ ပေးစွမ်းနိုင်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပိုးအိအိခန့်ရဲ့ ဘွဲ့ယူပွဲအခမ်းအနားက အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Poe Ei Ei Khant;

Photo - Mie Lay;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။