ပရိတ်သတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် မင်းသားဇေရဲထက်ကတော့ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးလာပြီး ပိုင်နိုင်တိကျတဲ့ အိုင်တင်တွေကြောင့် ပရိတ်သတ်တွေကြားရေပန်းစားလာတာဖြစ်ပါတယ်။ဇေရဲထက်ရဲ့ အနုပညာသက်တမ်းကလည်း အချိန်ကာလတစ်ခုကိုရောက်ရှိနေပြီဖြစ်လို့ အနုပညာနဲ့ပတ်သက်ရင်လည်းစွယ်စုံရမင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ဇေရဲထက်က အနုပညာလောကထဲကိုစတင်ခြေချခဲ့စဉ်က မင်းသားဟိန်းဝေယံနဲ့ဆင်တယ်လို့ ပရိတ်သတ်တွေက မှတ်ချက်ပေးခဲ့ပါတယ်။

အခုဆိုရင် ဇေရဲထက်က ပိုမိုချောမောလာတဲ့ ရုပ်ရည်ကြောင့် မိန်းကလေးပရိတ်သတ်တွေ ပိုမိုများပြားလာခဲ့ပါတယ်။စိတ်သဘောထားဖြူစင်ပြီး ဘာသာရေးတရားကိုင်းရှိုင်းပြီးမိဘအပေါ်သိတတ်တဲ့ သားလိမ္မာတစ်ယောက်ဖြစ်လို့ သူ့ရဲ့အောင်မြင်မှု့တွေက ထပ်ကြပ်မကွာ လိုက်နေတာဖြစ်ပါတယ်။ဇေရဲထက်က အနုပညာအလုပ်တွေကို အမြဲတမ်း အသစ်အသစ်တွေ ဖန်တီးပြီး ပရိတ်သတ်တွေအတွက် ရသမျိုးစုံကို တင်ဆက်နေတာပဲ ဖြစ်ပါတယ်။

ဇေရဲထက်က ကျရာဇာတ်ရုပ်တွေကို ပီပြင်အောင် သရုပ်ဆောင်ပြီး မိန်းကလေးခန်း အခြောက်ခန်းရိုက်ရမယ်ဆိုလည်း အရမ်းကို လှပနွဲ့နှောင်းစွာ ပီပြင်ပါတယ်နော်။ပရိတ်သတ်တွေအပေါ်လည်း ရိုသေလေးစားပြီး ပရိတ်သတ်ရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက်ပါ။အခုဆိုရင်တော့ ဇေရဲထက်က Gucci brand အင်္ကျီတစ်ထည်နဲ့ ပတ်သက်ပြီး"Gucciလေးတထည်မှာတာ ၇၈၀၀၀၀လို့ရေးတာကို ၇၈၀၀၀ဆိုမှာတာ အခုရှင်းပေးရတော့"ဆိုပြီး မှားမိတဲ့ အကြောင်းလေးကို ပရိတ်သတ်ကြီးကို ရင်ဖွင့်လာပါတယ်နော်။

Source:Zay Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။