ဝိုင်းလေးက အိမ်မက်ဆုံရာ ပြိုင်ပွဲကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့အနုပ ညာရှင်တစ်ယောက်ဖြစ် ပါတယ် ။ သူမရဲ့ အသံချိုချိုလေးတွေကြောင့် ပရိသတ်လက်ခံအား ပေးလာ တဲ့ အနုပညာရှင် အဆိုတော်တစ်ယောက် လည်းဖြစ်ပါတယ် ။ယခုမှာတော့ ဝိုင်းလေးဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိနေသူလေးပဲဖြစ်ပါတယ်။

ယနေ့မှာတော့ ဝိုင်းလေးတစ်ယောက် လမ်းခွဲတာကောင်းမယ်ဆိုတဲ့ သီချင်းလေးကို ကျောင်းသြင်္ကန်မှာ သီဆိုခဲ့ပါတယ်။ ပရိသတ်တွေနဲ့အတူ အပေးအယူမျှမျှ သီဆိုနေတဲ့ ဗီဒီယိုလေးကို တင်ပေးခဲ့ပါတယ်။ ဝိုင်းလေးကတော့ " EYU ရဲ့ Water Festival

ကျောင်းသြင်္ကန် အတွက် ပထမဆုံးလာရောက် ဖျော်ဖြေမှု လမ်းခွဲတာကောင်းမယ် တချက်ရှိုးး " ဆိုပြီး ရေးသားထားပါတယ်။ 

ပရိသတ်အချစ်တော်လေးဝိုင်းလေးကတော့ သူရဲ့ သီချင်းလေးတွေဖြစ်တဲ့ "တာဝန်အရတော့ လွမ်းပေးပါ" ၊ " FA "၊ "နေရာဟောင်း" နဲ့ " နင့်ကိုငါချစ်တယ်" ဆိုတဲ့ သီချင်းလေးတွေဟာ လူကြိုက်များပြီး သူမရဲ့ ထွက်ရှိထားတဲ့ သီချင်းခွေလေးဖြစ်တဲ့ "ဝိုင်း " ခွေလေးဟာ ဟာလည်း အောင်မြင်မှုရရှိပါတယ်။

source: ဝိုင်းလေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။