ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်ဂျီလတ်ရဲ့ ညီဖြစ်သူ တေးရေးကမ္ဘာ သေဆုံးသွားပြီဆိုတဲ့ သတင်းဟာ ပရိသတ်တွေတော်ောတ်များများကို အထိတ်တလန့်နဲ့ စိတ်မကောင်းဖြစ်စေခဲ့ပါတယ်..။
အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို သူ့ရဲ့တေးသီချင်းကောင်းလေးတွေကလည်း ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိခဲ့ပြီး အခုလို ရုတ်တရက်ကွယ်လွန်သွားခဲ့တာမို့လည်း အားလုံးက မယုံနိုင်လောက်အောင် ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်နော်..။


တေးရေးကမ္ဘာ(ခေါ်) ဖေကမ္ဘာငြိမ်းချမ်းဟာ ပြီးခဲ့တဲ့ မတ်လ(၄)ရက်နေ့ မနက်အစောပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြိုကနယ်၊ မင်္ဂလာဒီကပရပ်ကွက်၊ သီရိမဏ္ဍုင်လမ်းမကြီးပေါ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်..။
ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပေမယ့် ယာဉ်တိုက်မှုနဲ့ သေဆုံးခဲ့တယ်ဆိုတာကြောင့် ညီဖြစ်သူ တေးရေးကမ္ဘာအတွက် အံ့အားသင့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းလေးကို ဂျီလတ်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။


“ကမ္ဘာကြီးရေ
မင်းဟာ ယာဉ်တိုက်မှုနဲ့ ဆုံးသွားတာတဲ့ ညီလေးရေ
(ကောင်းကင်ဘုံကနေ မင်းမဲ့ပြုံးကြီး ပြုံးနေမှာ ငါမြင်နေမိပါရဲ့ကွာ)..” ဆိုပြီး ရေးသားထားပြီး အဲ့ဒီပို့စ်အောက်မှာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း Comment လေးတွေ ရေးသားပြောထားကြတာ တွေ့ရပါတယ်နော်..။
ကမ္ဘာ(ခ) ဖေကမ္ဘာငြိမ်းချမ်း ရဲ့ဈာပန ဝတ်ပြုကိုးကွယ်ခြင်းနဲ့ မြေသို့အပ်နှံခြင်း အစီအစဉ်ကိုတော့ လာမယ့် မတ်လ(၇)ရက်နေ့ (ကြာသပတေး)နေ့ နံနက် (၁၀)နာရီ မှာ ရေဝေးခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော် ခန်းမ တွင်ပြုလုပ်သွားမှာဖြစ်တယ်ဆိုပြီးတော့လည်း ဂျီလတ်က ပရိသတ်တွေကို ပြောပြထားပါသေးတယ်..။


Photo - ဂျီလတ်၊ တေးရေးကမ္ဘာ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။