လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသမယ့် " ကျွန်မအချစ်ဆုံး ယောကျာ်းသုံးယောက် " ဇာတ်ကားရဲ့ Press Show ပွဲကို ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ယောက် အနက်ရောင်ဖက်ရှင် ဆင်တူနဲ့ တက်ရောက်လာခဲ့ကြတာပဲဖြစ်ပါတယ်။ နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်လွန်းတဲ့ သူမတို့နှစ်ယောက်က ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားနဲ့သမီးကို လည်း ပိုင်ဆိုင်ထားပါသေးတယ်။
" ရင်ဘတ်ထဲကဓား " ဇာတ်ကားနဲ့ အကယ်ဒမီရရှိခဲ့တဲ့ အူဝဲတစ်ယောက် ဒီဇာတ်ကားနဲ့လည်း အကယ်ဒမီရရှိစေဖို့ သူမရဲ့ပရိသတ်တွေက မျှော်လင့်နေကြတာပဲဖြစ်ပါတယ်။ ဒီပွဲလေးမှာ သူမရဲ့ပရိသတ်တွေက ဇာတ်ကားရဲ့နာမည်နဲ့လိုက်ဖက်တဲ့ ပန်းချီကားတစ်ချပ်ကိုလည်း လက်ဆောင်အဖြစ် ပေးခဲ့ပါသေးတယ်။ သူမရဲ့ဘဝမှာ အချစ်ဆုံးယောကျာ်းသုံးယောက်ဖြစ်တဲ့ " ဖခင် " " ခင်ပွန်း " နဲ့ သားဖြစ်သူတို့ရဲ့ ပုံရိပ်လေးကို ခဲပန်းချီဆွဲပြီး လက်ဆောင်ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။
သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အတူတူကြိုးစားပုံဖော်ခဲ့ကြတဲ့ ဇာတ်ကားပြပွဲကို တက်ရောက်လာတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ယနေ့ထက်တိုင် တစ်ယောက်နဲ့ တစ်ယောက် အချစ်မပြယ်ပဲ တွဲလက်တွေခိုင်ခိုင်မြဲပြီး ပွဲတက်တိုင်းအတူတူ မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ မိသားစုဘဝလေးကို သာယာစိုပြေအောင် ဆောင်ရွက်နေကြတဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်နှစ်ဦးရဲ့ ပွဲတက်ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။
Photo - Eaindra Kyaw Zin
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။