ခိုင်နှင်းဝေကတော့ အနပညာလောကရဲ့ အောင်မြင်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ထင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေသူလေးပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ခိုင်နှင်းဝေဟာ ချစ်စရာကောင်းတဲ့ သားသမီး ၅ယောက်ကို မွေးစားလိုက်ပါတယ်။ 

ယနေ့မှာတော့ ခိုင်နှင်းဝေတစ်ယောကိ ချစ်စရာကောင်းတဲ့ သားသမီးတွေကြောင့် တစ်နေကုန်အလုပိရှုပ်နေပါတယ်။ခိုင်နှင်းဝေကတော့ " မျက်စိနောက်ခွင့်ပြုပါရှင် မနက်ဖြန် ခရီးသွားရမှာဆိုတော့ ကျွန်မ သားလေးတွေကို အချိန်ပေးနေရပြီလေကျွန်မ ရဲ့ ရင်ခွင်ပိုက်လေးတွေနဲ့ ကျွန်မ တနေကုန် အလုပ်ရှုပ်နေတာ အခုမှ ပဲ Post တင်နိုင်တော့တယ် ဟုတ်ပါတယ် မြင်ကြတဲ့အတိုင်းပါပဲ ကျွန်မ အခုကစ ချာလပတ်တွေပိုလည်ပါပြီသားလေးတွေအတွက် ကျွန်မ အပေးနိုင်ဆုံး အဖြည့်ဆည်းပေးနိုင်ဆုံးကတော့ မိခင်မေတ္တာပါပဲကျွန်မ မှာ မိသားစု ဘဝလေး ငယ်စဉ်ထဲကမရခဲ့ဖူး

အသက်ရွယ်ရောက်တဲ့အချိန် မိသားစု ဘဝလေး ရခါနီးမှာပဲ ကံမကောင်းခဲ့ရပြန်ဖူး ဆိုတော့အခု ကျွန်မရဲ့ သား.သမီးတွေက ကျွန်မရဲ့ မိသားစု ကျွန်မရဲ့ အနာဂတ်ကျွန်မရဲ့ အားအင်ပါ ကျွန်မ ပေးတဲ့ မေတ္တာကို သူတို့ခံစားမိကြလိမ့်မယ်လို့ လည်းကျွန်မယုံကြည်တယ် ကျွန်မ သားလေးတွေ ကို ပညာတတ်ကြီးဖြစ်တဲ့ အထိ ကျွန်မ မွေးမယ် ကျွန်မ ကြိုးစားမယ်

ခက်ခဲကြမ်းတမ်းမယ်ဆိုတာ သိပေမယ့် ကျွန်မ ရဲရဲဝံ့ဝံ့ ရင်ဆိုင်မှာပါကျွန်မ မိန်းမသား ပါ ကျွန်မ အားနွဲ့ပါတယ် ဒါမယ့် ကျွန်မ စိတ်ဓာတ်ကြံ့ခိုင်အောင် နေခဲ့ရလို့ ကျွန်မ ဘာမဆို ရင်ဆိုင်ရဲပါတယ် အမေလည်း မြေးလေးတွေရပြီမို့ ပျော်နေရှာတယ် ကျွန်မ အမေ့ကို မြေးလေးတွေ နဲ့ တူတူထားနိုင်ပြီလေ အခု တလော FB မှာ သားလေးတွေ နဲ့ အတူပုံတွေ အမြဲတင်မိရင် တောင်းပန်ပါတယ်လို့ ဆက်လက်ပြီးလည်း သားငယ်လေးတွေမေမေက မျက်စိနောက်အောင် ပို့စ်တွေ တင်ဦးမှာ မို့ မကြာမှီ လာမည် မျှော် " ဆိုပြီးရေးသားထားပါတယ်။

source:ခိုင်နှင်းဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။